Chapter 11 "If I lied to you,I'm a little dog" [U]

9.2K 1.3K 59
                                    

ချန်ယူမကြာခဏရုပ်ရှင်တွေကြည့်ဖူူးသည့်အတွက်,ထိုကဲ့သို့သရုပ်ဆောင်မှုများကိုမြင်ဖူးသည်။ကွန်ပျုတာရှေ့ မှောက်ခုံကြီးလဲှရင်း, lollipop
ကြီးကို,တကယ့်သကြားလုံးအစစ်လိုမျိုး လျှာနဲ့လျက်လိုက်,ဘေးအသားတွေကို ခပ်ဖွဖွဖိကိုက်လိုက်နဲ့,မျိုချပြီး ယစ်မူးလာသည့်အပြုအမူများကို လေ့လာခဲ့ဖူးသည်။
အဲ့ဒါကြီးက တကယ်ရောအရသာရှိလို့လား?
သူအနေနှင့် စူးစမ်းလိုရင်တောင်မှ အခြားတစ်ယောက်အား သူ့ဟာကိုစားဖို့ပြောမည်ဖြစ်ပြီး သူကတော့ အခြားတစ်ယောက်ဟာကို စားနိုင်မည်မဟုတ်ကြောင်း ချန်ယူ တွေးမိသည်။
ဒါပေမဲ့...
ချန်ယူ နှုတ်ခမ်းသပ်လိုက်သည်။အဲ့ဒါကြီးက သူ့ favorite ဖြစ်တဲ့ နို့စတော်ဘယ်ရီ အရသာလိုမျိုးဆိုရင်ရော,အဲ့ဒါဆိုရင်တော့ သေချာစဉ်းစားရတော့မယ်။
သိသာတာကတော့,Qin Feng(ချင်းဖန်) ရဲ့ lollipop မှာအနံ့အသက်ကတော့ရှိမှာဘဲ,သေချာပေါက်,ချန်ယူအကြိုက်မဟုတ်တာတော့သေချာသည်။

ဘာလုပ်ရမလဲ? ချန်ယူလက်ချောင်းတွေကို ဆုပ်ကိုင်လိုက်တယ်။သူအနေနဲ့ ဒီသကြားလုံးကိုမစားရအရေးကနေ ရှောင်ရှားဖို့အတွက် ဆင်ခြေလိုအပ်တယ်။
ထိုအချိန်တစ်ခုကိုတွေးလိုက်မိသည့်အတွက်မျက်လုံးဝင်းကနည်းဖြစ်သွားတယ်။နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး သူ၏စိတ်ခံစားချက်တွေကို အရှိန်ယူကာ

""Er-ye,ကျွန်တော်မှာ နှုတ်ခမ်းပြည်တည်နာရှိတယ်""

ချန်ယူ လျှာဖျားမှ နောက်ဆုံးစကားထွက်ကျလာချိန်မှာတော့,ဌက်ကြီးဟာ တုန်ယင်လာပြီး ထိပ်ခေါင်းတောင်ကျုံသွားကာ,ငိုက်စိုက်ကျသွားတော့သည်။ကောင်းကင်ကြီး ကြီးသလောက်,Qin Feng (ချင်းဖန်) ရဲ့နှလုံးသားထဲက အမှောင်ထုမှာလည်း အတူတူဖြစ်သည်။

""Er-ye,ဒါဆို ကျွန်တော်...."",ချန်ယူ တစ်ဖက်လူ၏ မျက်နှာတောင် မကြည့်ရဲတော့ပေ,သူအနေနဲ့ သူကိုယ်သူမထိန်းနိုင်ဘဲ,ဒီနေရာမှာတင် မျက်ရည်ထွက်မတတ်ရီမောမိမှာကို စိုးရိမ်နေသည်။ထို့ကြောင့် တံခါးဝအား လက်ညိုးထိုးလိုက်ပြီး,
""ဒါဆို ကျွန်တော် အရင်ပြန်ပြီနော်,Good night""

ချင်းဖန်ဘက်မှ တုံ့ပြန်မှုမရှိပေ။
ချန်ယူတံခါးနားသို့ လျှောက်သွားလိုက်သည်,တစ်လှမ်း,နှစ်လှမ်း,သုံးလှမ်း,လေး....,ချန်ယူ ရေတွက်ရင်း ထိုလူထံမှ အသံထွက်မည်ကိုစောင့်ဆိုင်းလိုက်သည်။
ထိုစဉ်သူအနောက်ဖက်မှ အသံထွက်လာကာ,
""ဒီမှာဘဲအိပ်တော့""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now