Chapter 16 "He he" [U]

8.1K 1.3K 108
                                    

ထိုအမျိုးသား၏ကြောက်စရာကောင်းလှသည့်ဖိအားနှင့်အမျက်ဒေါသအားရင်ဆိုင်ရသည့်အတွက်,ချောင်းမင်ရွဲ့, နှလုံးသားတစ်ခုလုံး ပင်လယ်ပြင်မုန်တိုင်းထန်သည့်အလားခံစားနေရသော်လည်း တိတ်ဆိတ်စွာကြံ့ကြံ့ခံလိုက်သည်။
သူအနေနှင့်လည်း ခရီးလေးတစ်လတာထွက်သွားခြင်းက ယခုအခြေအနေအထိအကြီးအကျယ်ပြောင်းလဲသွားမည်ဟု အိမ်မက်တောင်မမက်ခဲ့ဖူးပေ။
ယခင်ညက သူရေချိုးခန်းမှပြန်ထွက်လာချိန်တွင်လည်း,ချင်းဖန်သည်အစောကြီးထဲက အိမ်မောကျနှင့်လေပြီ။ခဏတာကွဲကွာပြီးပြန်လည်တွေ့ဆုံခြင်းသည်ဟန်နီးမွန်းကဲ့သို့ချိုမြန်သည်ဆိုသည့်စကားကိုမပြောနဲ့အုန်း ထိုအမျိုးသားဆီမှ good night ဆိုသည့်စကားလေးတောင်မကြားလိုက်ရပေ။
သူ၏မှတ်ဉာဏ်များထဲတွင် ချင်းဖန်နှင့်ချိုမြိန်သည့်အမှတ်တရတစ်ခုတစ်လေမှတောင်မရှိခဲ့သော်လည်း,ယခုအချိန်ကတော့ ပိုလို့ပင် စိတ်ပျက်သွားစေသည်။

ထိုအမျိုးသား၏ စိတ်ဆန္ဒလိုအပ်ချက်မှာအမြဲလိုလိုအနည်းငယ်သာဖြစ်သည်။အရင်ကတည်းက သူ၏ရည်မှန်းချက်နှင့်အင်အားများကို အလုပ်ထဲတွင်သာမြုပ်နှံခဲ့သည်။နောက်ပိုင်း အာဏာကြီးမားလာသည့်အချိန်တွင်လည်း စိတ်အလိုမလိုက်ပေ။
အတိတ်က ချောင်းမင်ရွဲ့အနေနဲ့ ထိုကိစ္စနှင့်ပတ်သတ်၍မည်သည်ကိုမှမခံစားရပေ။ထိုအစားထိုအမျိုးသား၏ ထိန်းချုပ်နိုင်စွမ်းကြောင့် သူ့ဘက်မှပိုလို့ပင်အချစ်ရူးခဲ့ရသည်။ သူသည်သေသွားသည့်အချစ်ဦး၏အစားထိုးတစ်ခုသာဖြစ်သည်။သို့သော် သူကိုယ်သူတိုးတက်စေရန် နှစ်များစွာကျော်လွန်သည့်အထိ ကြိုးစားလုပ်ကိုင်၍ ထိုအမျိုးသားနှင့်ရင်ဘောင်တန်းနိုင်ရန် အားအင်စိုက်ထုတ်ခဲ့သည်။ သူအနေနဲ့ ထိုအမျိုးသားဆီမှအသိအမှတ်ပြုခံချင်သည်... သူအကောင်းဆုံးကြိုးစားခဲ့သည်ဟုလည်းယုံကြည်ခဲ့သည်။
ထိုအရာများမှာ...အခုတော့....

လွန်ခဲ့သည့်နှစ်ရက်အတွင်းဖြစ်ပျက်ခဲ့သည်များသည် ချောင်းမင်ရွဲ့၏မျက်နှာအားဖြတ်ရိုက်လိုက်သလိုပင်။
သူဘယ်လောက်ဘဲ ကောင်းမွန်အောင်ကြိုးစားခဲ့ပါစေ,ထိုအမျိုးသားလိုချင်သည်မှာ သူမဟုတ်ပေ။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now