Chapter 4" What a coincidence, you have two pendants too? "[U]

5.2K 394 15
                                    


လေ့မင် ""ဒင်ဒင်?""

""အာ...ဘာဒင်ဒင်တုန်း?"" ချန်ယူ အာချောင်မိသည့် သူ့လျှာသူ ပြန်ကိုက်ကာ ပြောလိုက်သည်။
""ဂျန်နရယ်ချုပ်ရယ်၊ ကျွန်တော်က အလွန်ရုပ်ဆိုးပါတယ်။ကလေးဘဝထဲက ဘယ်သူကမှ ကျွန်တော့်ရဲ့သူငယ်ချင်းမဖြစ်ချင်ခဲ့ကြပါဘူး။ဒါကြောင့် အမြဲလိုလို ကျွန်
တော်ဘာသာကျွန်တော်စကားပြောလေ့ရှိပါတယ်။အခုလိုအချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော့်ဦးနှောက်ကလည်းပျက်စီးလာပြီထင်ပါရဲ့""

ထို့နောက် ငိုရှိုက်သံလေးပြုလိုက်ပြီး
""တစ်ခါတစ်လေ၊ကျွန်တော်ကိုယ်ကျွန်တော်တောင်ဘာပြောမိမှန်း မမှတ်မိပါဘူးဗျာ""

လေ့မင် တစ်ခုခုတော့မှားနေသည်ဟုခံစားလိုက်မိသည်။

""ငါက မသန်မစွမ်းတွေကို ပြုစုစောင့်ရှောက်တတ်တဲ့သူမဟုတ်ဘူး""

""တကယ်လို့ ဦးနှောက်ပျက်နေတယ်ဆိုရင်လည်း၊မင်း
ဆေးရုံတော့သွားပြသင့်တယ်""

Chen You, ""ဆွံအ""

ချန်ယူ ခိုးကြောင်းခိုးဝှက်ချောင်းကြည့်လိုက်သည်။
မင်းမှာဒင်ဒင်ဘယ်နှစ်ချောင်းတောင်ရှိနေတာလဲ။
တစ်ခုလား၊နှစ်ခုလား၊သုံးခုလား?

လူငယ်လေး၏အမူအရာကိုမြင်လိုက်ရသည့်အခါ၊
လေ့မင် မျက်ခုံးများတွန့်ခေါက်သွားသည်။ သူ့ယူနီဖောင်းကိုပြန်လည်ပြင်ဆင်လိုက်ပြီး အနိမ့်သံဖြင့်
""ထ"" ဟုပြောလိုက်သည်။

သို့သော်လည်း ဂျန်နရယ်ချုပ်ဖြစ်သည့်အလျောက်
စစ်တပ်ဆိုင်ရာပြဿနာများကို အားမာန်အပြည့်ဖြင့်
အမိန့်ပေးလေ့ရှိသည့်အတွက်၊မသိလိုက်ပါဘဲ ပြင်းထန်သည့်အရှိန်အဝါကိုထုတ်လွှတ်မိကာ ချန်ယူကို
မသိစိတ်ဖြင့် အလိုအလျောက် ထခုန်ကာ
မတ်တပ်ရပ်မိစေသည်။

""အမိန့်ရှိ ၊ ဂျန်နရယ် ""

လေ့မင် ""....""

Chen You, ""…""

သွားပြီ၊ငါ့ဦးနှောက်ကတော့ တကယ်ကိုပျက်စီးသွားပြီ။

ငါသေချာပေါက် အာမချောင်ခဲ့သင့်ဘူး။
သူကိုယ်သူ စိတ်ထဲမှ အပြစ်တင်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Jul 06, 2021 ⏰

Add this story to your Library to get notified about new parts!

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now