Chapter 24.1"Wait for me"[U]

5.6K 1K 106
                                    

အပြင်သို့အလည်အပတ်
ခေါ်ဆောင်ခြင်းခံသွားရသည့်အုပ်စုထဲ၌,
လူနှစ်ယောက်သေသွားပါသော်လည်း
ရောဂါကြောင့်သေဆုံးသည်ဟု သတ်မှတ်ကြသည်။
ထိုအလောင်းများသည်လည်း ထောင်အာဏာပိုင်များ၏အလျင်မြန်ဆုံး
ရှင်းလင်းခြင်းကိုခံရလေသည်။

တစ်ချို့လူများအတွက်ကတော့,
သူတို့တွေးမိကြသည်မှာ,
ငါတို့မသေသေးဘူးဟူ၍ဖြစ်သည်။
တူညီစွာဖြင့်,အချို့ကတော့ ကံကောင်းသည်ဟုခံစားကြရသည်,
ကံကောင်းစွာဖြင့် သူတို့မသေဆုံးခဲ့ပေ။

ရုံးခန်းထဲ၌,ရုံးအုပ် wang နှင့်ဝါဒါတို့ စကားများကြလေသည်။
စာရွက်များ,စားပွဲခုံများ,ထိုင်ခုံများ လေထဲသို့ပျံသန်းကုန်ကြသည်။
သူတို့နှစ်ဦးစလုံး၏သက်တမ်းလျှောက်လုံး၌ အသုံးမပြုကြခဲ့သည်စွမ်းအင်များကို
ထည့်ပေါင်းကာအသုံးပြုကြလေသည်။
ယခုကဲ့သို့အသံအကျယ်ကြီးများကိုသူတို့ ပထမဆုံးအကြိမ်ပြုလုပ်ကြခြင်းဖြစ်ပြီး,
တစ်ယောက်ကိုတစ်ယောက် မျက်နှာသာမပေးကြပေ။

ဝါဒါကပြောလိုက်သည်,
""ကျွန်တော်က နောက်နှစ်ကျရင် ပင်စင်ယူတော့မှာ"'
ထိုဂယက်၏ရိုက်ခတ်မှုကြောင့် သူအနေနှင့် အိုင်နှောက်နေသောရေထဲ၌ ခက်ခက်ခဲခဲ ကူးဖြတ်မလျှောက်နိုင်ပေ။

ရုံးအုပ် Wang နှာခေါင်းရှုံလိုက်သည်။
""ငါကမင်းထက် ပင်စင်ယူဖို့နှစ်လတောင်
စောတယ်ကွ""

""အဲ့တော့ ဘာဆက်လုပ်ရမှာလဲ?"" 
ဝါဒါတည်ငြိမ်စွာကြည့်လိုက်ပြီး တအောင့်လောက်ကြာပြီးနောက် ပြောလေသည်။
""သူ့ကို တခြားဧရိယာတွေဆီကိုလည်း ရွှေ့ပြောင်းလို့မရဘူးလေ""

အတော်လေးကြာမှ ရုံးအုပ် Wang ပြောလိုက်သည်။
""သူက အတော်လေးကို
ထိခိုက်ဒဏ်ရာရထားတာ။
သေမလား,ရှင်မလားဆိုတာ
ကံကြမ္မာပေါ်မှာဘဲ မူတည်တော့တယ်""

စားပွဲပေါ်သို့ ဝါဒါလေးလံစွာ လက်ခေါက်လိုက်ပြီးနောက်,
ဘာစကားတစ်ခွန်းကိုမှ ဆက်မပြောတော့ပေ။

ရက်အနည်းငယ်ကြာသည့်အခါ,
ဧရိယာ D ကြီးတစ်ခုလုံးရှိ
လေထုသည် စိတ်အိုက်စရာအခြေအနေဖြစ်နေသည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now