Chapter 2 "I'm Here"[U]

4.2K 470 18
                                    

[ စစ်အာဏာရှင်စနစ်မုချကျရှုံးပါစေ။ ]

ထိုည၌,ချန်ယူ အိမ်မက်မက်သည်။

အိမ်မက်ထဲတွင်,ဌက်ကြီးနှစ်ကောင်သည် သူ့အား လိုက်ဖမ်းနေသည့်အတွက် တောအုပ်ထဲသို့ထိတ်လန့်တကြား
ပြေးဝင်လိုက်ရသည်။ထိုကြီးမားသည့် ဌက်ကြီးနှစ်ကောင်သည်သူတို့၏ အတောင်ပံကြီးများကို တဖျတ်ဖျတ်ခတ်ကာ သူ့ခေါင်းပေါ်မှပျံသန်းဖြတ်ပြေး၍ သူ၏ရှေ့၌ရပ်တန့်လိုက်သည်။ထို့နောက် ရုတ်တရပ် သူတို့၏ခေါင်းကြီးများကို ငုံ့ချလိုက်ပြီးနောက် အားလျော့စွာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ချန်ယူ အလန့်တကြားနိုးထလာမိသည်။

ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ အိမ်မက်ပါလိမ့်။

ချန်ယူ သူ့နဖူးပေါ်မှ ချွေးအေးများကို ပွတ်သုတ်လိုက်
ပြီး system အားမေးလိုက်သည်။
""အခု ကမ္ဘာကြီးက မိန်းမနဲ့ယောက်ျားဆိုပြီး ခွဲခြားထားတာမဟုတ်ဘဲ၊ ယောက်ျားဖြစ်တည်မှု၊ မိန်းမဖြစ်တည်မှုဆိုပြီး ခွဲခြားထားတာလေ။
တကယ်ဆို ငါက ယောက်ျားဖြစ်သင့်တာကွ""

System ,"" ခင်များက မိန်းမဖြစ်တည်မှုပါ""

ချန်ယူ မျက်နှာတစ်ခုလုံး ချဉ်စုပ်သွားသည်။
ဒါဆို ဘာလဲ မင်းက ငါ့ကိုလာလှိမ့်နေတာလား?
""ယောက်ျားလေးတွေအားလုံးမှာ ဒင်ဒင်နှစ်ချောင်းကိုယ်စီမရှိကြဘူးလား?""

""မရှိပါဘူး"" system ပြန်ဖြေလိုက်သည်။
""လူကြီးမင်းတစ်ယောက်တည်းမှာသာ ရှိပြီး အခြားသူတွေဆီမှာ မရှိကြပါဘူး""

ချန်ယူ, ""...."" တစ်ယောက်တမူထူးနေတဲ့ ခံစားကြီးဆို
ပင်မဲ့,ဘာလို့ ငါနည်းနည်းလေးတောင်ပျော်နေတယ်ဆို
ပြီး မခံစားရတာလဲ?
ဒီကမ္ဘာကြီးက ပုံမှန်ဖြစ်နေပြီး ငါတစ်ကောင်တည်း ပုံမှန်မဟုတ်တာပေါ့။ Ha..Ha..

ချန်ယူ ခဏလောက်တော့ ဒီပရက်ရှင်ဝင်သွားသည်။နောက်တော့ သူလည်ချောင်းထဲမှ ပါးစပ်အပြည့်သွေးများကို အတင်းကာရော မျိုချလိုက်ပြီး
""ငါ့ဆီမှာ နဂါးသွေးဘာညာတော့ ရှိနေတယ်မလား။
ဟုတ်တယ်မလား?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now