Chapter 15.2"I'm dead"[U]

6.3K 1.2K 88
                                    

နှစ်သစ်ကူးနေ့တွင် လူတိုင်းအာရုံစိုက်ကြသည့် အဓိကပွဲတစ်ခုရှိသည်။ချန်ယူသည် ထိုပွဲအတွက် အစီရင်ခံစာတင်
ပြရန်အခေါ် ခံခဲ့ရပြီး,ကျန်သည့်ထောင်အခန်းခေါင်းဆောင်များကလည်း သူတို့၏အစီအစဉ်များကို ဆက်လက်
တင်ပြ ကြသည်,ထိုအထဲတွင် ချုးထျန်းတောင်ပါဝင်သေးသည်။

တစ်ခန်းစီတိုင်းက အနည်းဆုံးပွဲနှစ်ခုစာ အစီစဉ်များကို အစီရင်ခံရသည်။တိုက်ဆိုင်စွာဖြင့်,ဒီနှစ်တွင် ချန်ယူတို့အခန်းသည် အော်ပရာအဆိုတော်များအဖွဲ့အဖြစ်တင်ဆက်ရန်စီစဉ်ထားကြပြီး,ကျန်သည့်တစ်ယောက်မှာ solo Beijing opera ဖြစ်ကာ,နောက်နှစ်ယောက်မှာတော့ Huangmei ကိုအတူတကွ သီဆို ဖျော်ဖြေကြမည်
ဖြစ်သည်။

ချုးထျန်း လှောင်ပြောင်ရီမောကာ သရော်သံဖြင့်,
""Heh...အော်ပရာ သီဆိုကြရာမှာ,အော်ပရာသီချင်းတွေဆိုပြရုံအပြင်,အခြားအဓိပ္ပါယ်တွေရှိနေသေးလို့လား?""

""ရှိတာပေါ့""

ချန်ယူ မျက်စောင်းတစ်ချက်ခဲလိုက်ပြီး,
""Beijing Opera က Huangmei နဲ့မတူဘူး။အကယ်၍သာ မင်းမှာအချိန်ပိုတွေရှိနေခဲ့ရင်,စာအုပ်များများဖတ်ထားသင့်တယ်။အဲ့ဒါမှမင်းပိုသိလာပြီး ဘဝကြီးကို ဦးနှောက်အပြည့်နဲ့ ကောင်းကောင်းဖြတ်သန်းနိုင်မှာ""

ချုးထျန်း,"ဘဝသည်အလွန်ပျင်းရိစရာကောင်းလွန်း"သဖြင့်,စားခြင်း,အိပ်ခြင်းနှင့် ရန်ဖြစ်ခြင်းသာရှိသည့်လူဖြစ်သည့်အတွက်,သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်နှာမှာ အနီရောင်ပြောင်းသွားတော့သည်။

ထောင်ဝါဒါပြောလိုက်သည်။
""1685, မင်းရဲ့အတွေးကိုရောပြောပါအုန်း""

ချုးထျန်း အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီးနောက် သူ၏ဘေးဘက်၌တင် pop dance ကို ကပြဖျော်ဖြေလိုက်သည်,ပရိတ်သတ်၏ ကြီးမားလေးလံသည့်ဖိအားသည် သူတို့အပေါ်ထိပါကျရောက်လာတော့သည်။

ထောင်ဝါဒါ ချန်ယူ၏အမြင်ကိုမေးလိုက်သည်။ချန်ယူအနေနှင့် မနာလိုဝန်တိုစိတ်လုံးဝ မရှိဘဲပြန်ဖြေလိုက်သည်,""မဆိုးပါဘူး ah""

ချန်ယူ၏အမူအကျင့်သည် ထောင်ဝါဒါ၏သဘောကျ အသိမှတ်ပြုခြင်းကို ခံလိုက်သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now