Chapter 5"This is pissing me off"[U]

6.7K 1.1K 131
                                    

ထောင်ဝါဒါသည် ဟဲစီးယန်နှင့် နှစ်ဦးထဲမျက်နှာချင်းဆိုင်ဆွေးနွေးလိုသည့်အတွက် ချန်ယူကိုထွက်သွားဖို့ပြောလိုက်သည်။ ချန်ယူကတော့ အပြင်သို့မထွက်ခင်,ထောင်ဝါဒါဆီမှဆေးလိပ်အကောင်းစားအား မကာ Xiong Gang ကိုပေးလိုက်သည်။

""မပြန်သေးဘူးလား?""

""ငါရဲ့ညီငယ်လေး ယန်ယန်ကို စောင့်ရအုန်းမယ်""

Xiong Gang ဆေးလိပ်ကို အိတ်ကပ်ထဲသို့ သေချာထည့်လိုက်ပြီးနောက် ချန်ယူကို စနောက်လိုက်သည်။
""ငါ့အတွက်ကတော့ သူ့ကြည့်ရတာ မင်းကိုသိပ်အရေးစိုက်တဲ့ပုံမရဘူး ""

ချန်ယူ မျက်တောင်တစ်ချက်ပင်မခတ်ဘဲလိမ်လိုက်သည်။
""အဲ့ဒါက သူရှက်နေလို့ပါ။ ငါတို့နှစ်ယောက်တည်းရှိရင်, ငါ့နားကပ်လွန်းလို့ ခွာချဖို့တောင်ခက်နေတာ""

""ဟုတ်ပါပြီ ဟုတ်ပါပြီ, သူ့အတွက် မသေအောင်ဘဲဂရုစိုက်ပါအုန်း""
Xiong Gang ကြမ်းပြင်ပေါ် သလိပ်အပြည့်တံထွေးတစ်ချက်ထွေးချလိုက်ပြီး ခြေထောက်ဖြင့် မြန်မြန်ဆန်ဆန်ပွတ်သုတ်လိုက်သည်။
""သူကိုကောင်းကောင်းသင်ပြပေးလိုက်,ပြီးတော့ သေချာလည်းအနီးကပ်စောင့်ကြည့်ထား အရမ်းတွေ ပစားမပေးမိစေနဲ့""

ချန်ယူ ပြုံးပြပြီး,
""အကြံပေးတဲ့အတွက်ကျေးဇူးပါ,အကိုကြီး Xiong ""

ထိုအချိန် Xiong Gang ရုတ်တရပ်ပြောလိုက်သည်။
""ဒီနှစ်ရက်အတောအတွင်းမှာ ငါသတိထားမိရသလောက်ကတော့ မင်းရဲ့သွားတွေကိုအတော်လေးဖော်ပြနေသလားလို့""

ချန်ယူ ပြန်မဖြေခင် အမူအရာပြောင်းလိုက်ပြီးမှ,
""နေသာတယ်လေ,ပိုးမွှားတွေကိုသတ်ဖို့အတွက် သွားတွေကိုနေပြထားတာ""
ကြည့်ရတာတော့ ငါအပြုံးတာလျော့မှရမဲ့ပုံဘဲ,ဟု ချန်ယူ တွေးလိုက်သည်။ သို့သော် ပြုံးရတာအလွန်သဘောကျသည့် ချန်ယူလိုလူမျိုးအဖို့တော့ နာကျင်ရသည်။

ချန်ယူ ကြမ်းပြင်ကိုခြေထောက်ဖြင့်ထိုးဆွရင်း, သူ၏စိတ်မှာလည်းလေးလံနေသည်။ယခု ဧရိယာတွင် ထောင်စောင့်များ,ရဲဝန်ထမ်းများနှင့် စာသင်ကြားပေးသည့်ဆရာ၊ဆရာမများအပါအဝင် ထောင်သားပေါင်းလေးရာကျော်ရှိသည်။ သူအနေနှင့် သုတ်သင်ရှင်းလင်းခြင်းအစီအစဉ်ကို အသုံးပြုမည်ဆိုလျှင်တောင်မှ,မည်မျှထိအချိန်ကြာမြင့်မည်ကို မသိနိုင်ပေ။
ဟဲစီးယန်အသက်ကို ကာကွယ်ဖို့အရမ်းခက်ခဲတာဘဲ ah.

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now