Chapter 14"Let's break up"[U]

6.5K 1.2K 113
                                    

ဟဲစီးယန်သည် ယခုထောင်သို့ရောက်ရှိနေသည်မှာ နှစ်လတောင်ပြည့်တော့မည်ဖြစ်ပြီး လူသတ်မှုစုံစမ်းစစ်ဆေးရန်ခေါ်ဆောင်ခံခဲ့ရသည့်အချိန်ကလွဲ၍ အခြားမည်သို့သောပြဿနာမှ မတက်ခဲ့ပေ။
ဒီနေ့တော့ဘယ်သူကသိနိုင်ပါမလဲ, Area C မှ ကြီးကြပ်သူ Liu သည် ဟဲစီးယန်ကိုခေါ်ဆောင်ရန်တစ်စုံတစ်ယောက်ကိုလွှတ်လိုက်သည်။

ထိုကြီးကြပ်ရေးမှုး Liu သည် ခေါ်တွေ့ရန်လူတစ်ယောက်ပင်လွှတ်ကာခိုင်းလိုက်သည်။အချိန်အကြာကြီးနေမှ ယခုကဲ့သို့ပြုမူခြင်းသည် စံချိန်သစ်တောင်တင်နေလေပြီ။
ဟဲစီးယန်ထွက်သွားသည်နှင့်,ချန်ယူသည်လည်း ဒယ်ပြားပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ဂနာမငြိမ်ဖြစ်နေလေသည်။

[ထို idiom မှာ'ထိုင်လည်းမထိုင်နိုင်,ထလည်းမထနိုင်'ဖြစ်နေခြင်းကိုပြောဆိုခြင်းဖြစ်သည်။]

""Boss ကအမြဲတမ်း သူ့ကျောက်ကပ်ကိုဘဲအသုံးပြုနေ
ကြမဟုတ်ဘူးလား(ပွေရှုပ်ခြင်း),ဒီတစ်ကြိမ်တော့ သူ့နှလုံးသားကိုတကယ်အသုံးပြုနေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး""

""ငါကတော့အခုချိန်ထိ စိတ်ချလို့ရတယ်မထင်ဘူး။
အဲ့ကလေးရဲ့ IQ ကငါတို့ကိုဖျက်ဆီးသွားလို့ရတယ်။သူက မကောင်းလည်းမြင်တတ်ပြီး,စကားလည်းမပြောသလို လုံးဝလည်းမရီဘူး။သူ့ကိုစကားပြောနေရင်း မတော်တဆသူ့မျက်လုံးတွေနဲ့ဆုံသွားရင်,ခုခံဖို့ကို လျှို့ဝှက်
ကြံစည်နေသလိုမျိုး အမြဲခံစားရတယ်။

""ဒါဆို Boss ကငါတို့နှစ်ယောက်စလုံးထက် အနည်းငယ်ပိုတော်တယ်လို့ပြောလို့ရတာပေါ့""

""နည်းနည်းလေးပါဘဲ""

သုန်းဇီနှင့်လောင်ယွီတို့ နှစ်ကောင်သားနွေးထွေးအောင်တိုးဝှေ့ပူးကပ်နေကြပြီး သဟဇာတဖြစ်စွာ သူတို့၏ Boss အကြောင်းပြောနေကြသည်။

""ဒါပေမဲ့ Boss ကအဲ့ကောင်လေးကိုအရမ်းကြိုက်တာလေ။ငါတို့သာ တကယ်လို့ အခုလိုမပိတ်ဆို့ထားရင်,အခုလောက်ဆို သူပြေးလိုက်သွားလောက်ပြီ""

""Ai, ဘာတွေဘယ်လိုဘဲပြောပြော, Boss ဘေးမှာအခုဆိုအဖော်ပြုပေးနိုင်မဲ့တစ်ယောက်တော့ရှိနေပြီလေ။ငါတို့စောစောထွက်ရတဲ့အခါ,အနည်းဆုံးတော့စိတ်ချသွားလို့ရတာပေါ့""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now