Chapter 19 "Silly Child" [U]

8K 1.4K 227
                                    

ထိုအမျိုးသား၃ဦးမှာ ယခုလက်ရှိအခြေအနေများသည် ကောင်းမွန်ခြင်းနှင့်အဝေးကွာဆုံးအနေအထားတွင်ရှိနေသည်ကို သိထားသော်လည်း အရှက်မရှိစွာ လူအရေအတွက်ဖြင့်အနိုင်ကျင့်ရန်ဆုံးဖြတ်ထားကြသည်။သို့သော် ထိုလူတွင်သေနတ်ရှိနေမည်ကိုတော့မမျှော်လင့်ထားပေ။

ထိုအမျိုးသား၃ဦး၏ကိုယ်ပေါ်၌ အပေါက်များဖြစ်သည်အထိ ချင်းဖန် သေနတ်ဖြင့်ချိန်ကာ bang-bang-bang ဟုမြည်သည့်အထိ ပစ်ခတ်လိုက်သည်။
ချန်ယူတွေဝေမိန်းမောနေမိသည်, Big shot ရဲ့ shooting action တွေကအတော်လေးကိုအံ့ဩစရာကောင်းတာဘဲ။

ချင်းဖန် ထောင့်နားရှိလူငယ်လေးဆီသို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွားလိုက်သည်။ ထိုလူငယ်လေး၏ လည်ပင်း၌ သွေးများအားမြင်လိုက်ရသည့်အခါတွင်တော့ လည်ချောင်းမှာ ခြောက်သွေ့ကာဆို့နစ်သွားတော့သည်။
""ကိုယ်....""

ထိုအမျိုးသား၏ ဝမ်းချုပ်နေသည့်ပုံဖြင့် စကားမပြောနိုင်ဖြစ်နေသည်ကိုချန်ယူ ဆက်လက်မကြည့်နိုင်တော့ပေ။

""မပြောနဲ့, ကျွန်တော်အားလုံးသိတယ်""

ချင်းဖန် မျက်လုံးများပင့်လိုက်ပြီး,
""မင်းသိတယ် ?""

ချန်ယူ ခေါင်းညိမ့်လိုက်သည်, "" ကျွန်တော်သိတယ် ah""

ဧကရီကဲ့သို့ လက်များကိုဆန့်ထုတ်လိုက်ပြီး,
အဖိုးကြီး၏လက်မောင်းများကိုဖက်တွယ်ရင်း မတ်ရပ်ထရပ်နိုင်ရန် အားယူလိုက်သည်။

""ချောင်းမင်ရွဲ့က ဦးနဲ့နှစ်ပေါင်းများစွာရှိလာခဲ့တာလေ။ကျွန်တော်ကအခုမှရောက်တဲ့အသစ်ဆိုတော့ ဘယ်လိုနှိုင်းယှဉ်နိုင်ပါ့မလဲ။ ပြီးတော့ သူနဲ့ ကျွန်တော်နဲ့ကလည်းမတူဘူးလေ,ကျွန်တော့်အသားကကြမ်းတမ်းနေတာဆိုတော့,ထုရိုက်တာလောက်ကတော့ခံနိုင်ရည်ရှိပါတယ်။""

ချင်းဖန် အသံများအက်ကွဲသွားပြီး,
""အဲ့လိုမဟုတ်ပါဘူး""

ချန်ယူလည်း အက်ကွဲနေသည့်အသံဖြင့်ပြန်ပြောလိုက်သည်။ ""ဒါဆိုဘာသဘောလဲ?""
အကိုကြီးရာ,ခင်များပြောရမဲ့ဟာကိုသာပြောရမ်းပါ, ကျွန်တော်က ပုံပြင်တွေနားထောင်ရတာကြိုက်ပါတယ်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now