Chapter 6 "I cannot" [U]

10.6K 1.4K 19
                                    

T/N: A fun chapter. The MC is getting funnier and funnier even though there's still a lot of cursing.

Qin Feng တွင်အချစ်ဦးရှိခဲ့ဖူးသည်။ ထိုလူမှာ
language class ၏ကျောင်းသားခေါင်းဆောင်ဖြစ်သည့်အပြင် ပထမဆုံးအကြိမ် Qin Feng အားလိင်တူချစ်သူနယ်ပယ်ထဲသို့ ဆွဲခေါ်ခဲ့ပြီးနောက် ထား၍ထွက်သွားခဲ့သည့်သူလည်းဖြစ်သည်။
နောက်ဆုံးတွင်တော့ ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သည်။သို့သော်လည်း သေဆုံးသည့်အချိန်အထိ ထိုလူမှာ သူ၏မူလအသက်အရွယ်အား မမှတ်မိဘဲ သူ၏အချိန်များမှာ ၁၇ နှစ်ကျောင်းသားအရွယ်ဖြစ်ခဲ့သည့် ဆောင်းရာသီကာလတွင်သာ ရပ်တန့်နေခဲ့သည်။
Qin Feng ထိုအမျိုးသားအား မုန်းတီးခဲ့သည်။ထိုရည်းစာမှာလည်း ဆုတ်ဖြဲခံခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့ပင်မဲ့ စာသားတစ်လုံးချင်းစီတိုင်းက Qin Feng မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးအထိ အမြစ်တွယ်နေသည့်အလား ဘယ်သောအခါမှ ဖျောက်ဖျက်၍မရခဲ့ပေ။
ယခုအခါ ထိုစာအား နောက်တစ်ကြိမ်ထပ်မံကြားရချိန်တွင်တော့ သူ၏အသက်ရှူနှုန်းမှာ တည်ငြိမ်နေကာ မျက်နှာမှာလည်း ခံစားချက်ကင်းမဲ့နေသည်ပုံဖြစ်သော်လည်း မျက်လုံး၏ အနက်ပိုင်းမှာတော့ အတော်လေးကို သွေးဆာနေသည့်ပုံဖြစ်နေသည်။

""မင်း ဘယ်သူလဲ?""

""Zhou Yi""

ချန်ယူလည်ပင်းဆွဲညစ်ခံလိုက်ရပြီး လေထဲသို့ အမြောက်ခံလိုက်ရသည့်အတွက် သူ့အနေနှင့် ခက်ခက်ခဲခဲ အသက်ရှူနေရပြီး, ""Xiang... Xiang Xiang...""

Qin Feng ၏အသံမှာ ပိုတိုးသွားပြီး အလွန်တရာမှကိုအန္တာရာယ်ရှိသည်အသံဖြင့်,
""ငါမင်းကိုမေးနေတယ်လေ...မင်းဘယ်သူလဲလို့?""

ချန်ယူလုံးဝရူးသွားတော့မလိုမျိုး...သူ၏မျက်နှာမှာလည်း အသက်ရှူမဝသည့်အတွက် ခရမ်းရောင်သို့ပင်ပြောင်း၍နေလေပြီ,
""Xiang Xiang ah... ကျွန်တော်မပြောခဲ့ဘူးလား... ကျန်တာဘာမှမရှိတော့ဘူး...cough...ကျွန်တော့်မှာ နာမည်နှစ်ခုဘဲရှိတယ်...""

Qin Feng ရုတ်တရပ် ဗြုန်းကနဲ ထရီလိုက်တာကြောင့် ချန်ယူဆံပင်တွေ အဆုံးထိထောင်တတ်သွားပြီး...
မကြာခင်မှာဘဲ အသက်ရှူကြပ်ကာအမှောင်ထုထဲသို့ နစ်မြုပ်သွားတော့သည်။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now