Chapter 6"I want to be good friends with you"[U]

6.5K 1.2K 154
                                    

လတစ်လတိုင်း၏ရက်အစတိုင်းတွင် ထောင်သားများအတွက် အပျော်ရွှင်ဆုံးနေ့တစ်နေ့ဆိုသည်မှာရှိသည်။ရေချိုးအိမ်သို့သွားရောက်၍ သူတို့၏ကိုယ်ပေါ်တွင်အထပ်လိုက်ဖြစ်နေသည့်ဂျီးများကိုကုစ်ခြစ်ပွတ်တိုက်ဆေးကြောနိုင်ကာ တစ်ကိုယ်လုံးမှာလည်းပိုမိုတောက်ပြောင်လာလေမည်။

လူအုပ်စုများသည့်အလျောက်,ပြဿနာတက်ရန်လွယ်ကူလှသည့်မို့,ထောင်သားများအားလုံး ကောင်းမွန်စွာအမိန့်နာခံ၍ စည်းကမ်းတင်းကြပ်လှသည့်ထောင်စောင့်များ၏မျက်စိအောက်တွင် တစ်ယောက်ချင်းစီရှေ့နောက်တန်းစီကာဝင်ရသည်။
ရေချိုးအိမ်မှာအတော်လေးကြီးမားသည်။ချန်ယူ, သုန်းဇီနှင့် လောင်ယွီတို့ဖြင့်အတူတူဝင်လာချိန်တွင်တော့, လူများစွာ၏မျက်လုံးများသည် ရေနွေးငွေ့များကိုထိုးဖောက်၍ သူတို့ကိုယ်ပေါ်၌သာစွဲမြဲနေလေသည်။

ချန်ယူကိုတော့ ပြောရန်မလိုပေ။သူ၏ယောက်ျားပီသ စွာဖြင့် ခန့်ငြားလှသည့်ပုံစံမှာ ကောင်းကင်ကိုပင်ဖီဆန်နိုင်သည်။တစ်ဖက်တွင်လည်း သုန်းဇီမှာ မျက်နှာရှည်,ခြေတံရှည်,အရပ်ရှည်ကာ ခန္ဓာကိုယ်ရှိအရာရာတိုင်းရှည်သည့်အမျိုးသားဖြစ်သည်။ထိုနှစ်ယောက်နှင့်ယှဉ်လျှင်တော့, လောင်ယွီ၏ပုံစံမှာအနည်းငယ်ဆိုးသည်။
သို့သော် သူ့တွင်အလွန်ကောင်းမွန်သည့်ဂုဏ်သတင်းရှိပြီး သူနှင့်သိကျွမ်းဖူးသည့်လူမှန်သမျှက ကောင်းမွန်သည့်အကြောင်းများကိုသာပြောသည်။

အားလုံး တစ်ညီတညွတ်တည်းခေါ်လိုက်ကြသည်။
"" အကိုကြီးဖေး""

ချန်ယူ ""En""ဟု မပီမသသံပြုလိုက်သည်။
ငါ့ရဲ့ တစ်ခန်းထဲသားတွေ,မင်းတို့အနေနဲ့ မင်းတို့ကိုမင်းဘဲရေချိုးဆေးကြောသင့်တယ်,ငါ့ကိုဂရုမစိုက်ကြပါနဲ့,ငါ့ကိုတိတ်တဆိတ်လျှောက်သွားခွင့်လေးပေးပြီး တစ်ချက်လောက်ဌက်တွေကို ကြည့်ရှုခွင့်လေးဘဲပေးကြပါ။

သုန်းဇီ နေရာတစ်နေရာကိုညွှန်းပြလိုက်ပြီး,
""Boss, အဲ့နေရာကိုသွားပါ""

ချန်ယူပြောလိုက်သည်။ ""မင်းအရင်ဆုံးသွားပါ""

သုန်းဇီ ခေါင်းကုတ်လိုက်ပြီး,
""Boss, ဒါဆို Boss ကဘာလုပ်နေမှာတုန်း?""

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now