Chapter 20"I really don't like you"[U]

6.1K 1.1K 173
                                    

နှစ်သစ်ရောက်သည့်အခါ,ထောင်သားများ၏မိသားစုဝင်များထောင်သို့အလည်ပတ်လာရောက်၍ထောင်ဝင်စာလာတွေ့ခြင်းသည်အကြီးမားဆုံးအချိန်ဖြစ်သည်။
အစားအသောက်,အဝတ်အစား,အိမ်မှယူဆောင်လာသည့် ပစ္စည်းများအားလုံးကို အခန်းခေါင်းဆောင်များဆီသို့ အရင်ဆုံး ပို့ဆောင်ဖြန့်ဖြူးရသည်။ဘော့စ်ချန်ယူသည် အကြီးဆုံးရှယ်ယာကိုယူ၍ ကျန်သည့်လက်ကျန်ပစ္စည်းလေးများကို ကျန်သည့်သူများကအချင်းချင်းပြန်လည်ခွဲဝေယူကြရသည်။

ထိုအရာမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး သံတိုင်များဝန်းရံကာနေရသော လောကကြီးတွင် အရက်စက်ဆုံးအရာမဟုတ်သေးပေ။ပစ္စည်းအနည်းငယ်ကျန်တာကတင် အတော်လေးတောင် ကောင်းမွန်နေလေပြီ။တစ်ချို့ဆို ဘာမှကိုပြန်မရရှိဘဲ,သူတို့၏ကိုယ်ပိုင်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာတောင်ရရှိကြသည်။

အတိတ်ကာလနှစ်များလိုပင်,ချန်ယူ,သုန်းဇီနှင့် လောင်ယွီတို့ဆီသို့ လာလည်မည့်မိသားစုဝင်တစ်ယောက်တစ်လေတောင်မရှိပေ။ ချန်ယူသည် ဘာမှလုပ်စရာမရှိသည့် ဘေးမှရပ်ကြည့်သူတစ်ယောက်သာဖြစ်သည်။သူ့ကြည့်ရတာဟန်ဆောင်နေသည့်ပုံပေါက်သော်လည်း,တကယ်တမ်းမှာတော့ သူအနေနှင့် လုံးဝဟန်ဆောင်နေခြင်းမဟုတ်ပေ။သုန်းဇီနှင့် လောင်ယွီတို့အတွက်ကတော့,အစောကြီးကတည်းက ထုံသွားပြီဖြစ်သည့်အတွက်ထူးထူးခြားခြား မခံစားရပေ။

မမျှော်လင့်စွာဖြင့်,ဟဲစီးယန်တွင် ထောင်ဝင်စာလာတွေ့
သည့်သူတစ်ယောက်ရှိသည်။လက်ဗလာနှင့်ထွက်သွားသည့်လူဖြစ်သော်လည်း,ပြန်ဝင်လာသည့်အခါ လက်ထဲ၌ အထုတ်ကြီး အထုတ်ငယ်များစွာဖြင့် ပြန်ရောက်လာလေသည်။ ဘော့စ်၏ဇနီးလေးဖြစ်သည့်အတွက်,ဘယ်သူကမှ သူ၏ပစ္စည်းများကို မလုရက်ရဲပေ,စပ်စုချင်စိတ်သာရှိကြသည်။

ချန်ယူ ရှေ့တက်ပြီးမေးလိုက်သည်,
""ဘယ်သူလာတွေ့တာလဲ?""

ဟဲစီးယန် ပြန်ဖြေလိုက်သည်,""ကျွန်တော့် ဆရာ""

ချန်ယူ ထပ်မမေးတော့ပေ။ထိုအိတ်များကိုလည်း ဇိုးဇိုးဇက်ဇက် ယူ၍ ဖွင့်မကြည့်ချင်။ထိုအရာမှာ မယဉ်ကျေးသည့်အပြုအမူဖြစ်သည်။ဟဲစီးယန် ကိုယ်တိုင်မဖွင့်မခြင်းသူလည်းမကြည့်ချင်ပေ။

《ငါသေတော့မလို့ဘဲ!!》Where stories live. Discover now