Special Ep_8

6.2K 755 70
                                    

Unicode

"ဒီနေ့ကိုယ်တို့မြေသွားကြည့်ရအောင်အချစ် ကိုယ်လည်းအားတယ်ဆိုတော့"

တိမ်စိုင်ပဲပြားလှီးနေသည့်ဘေး ရစ်သီရစ်သီနှင့် ရွှေစွန်ညိုတစ်ကောင်လို ဂျွန်တဝဲဝဲလည်နေသည်။

"အခုတည်းကကြည့်တော့မလို့လား"

စဉ်းတီတုံးပေါ်ဓားသွားထောက်‌လိုက်တော့ လက်မဝက်စာပဲပြားတစ်ပြား တုံတုံအိအိနှင့်ဓားဘေးသို့အလွှာလိုက်ကျလာသည်။

"အင်း အခုကြည့်ထားမှပိတ်ရက်ပြီးသွားရင်အချစ်ဆိုင်လေးအသင့်ဖြစ်နေမှာပေါ့"

‌"ကို့သဘော ကိုသွားမယ်ဆိုလည်းသွားကြတာပေါ့ ဒါ‌ေပမယ့်ကို့ကားမှအိမ်မှာမရှိတာ"

ဂျွန်ဘေးစင်နားတွင်လက်တစ်ဖက်ထောက်ကာ ခန္ဓာကိုယ်တစ်ခြမ်းမှီ၍ သူ့ကားကိုမင်းအိုင်ယူသွားတာကြောင့် နည်းတစ်မျိုးပြောင်းကာစဉ်းစားနေသည်။

"ရပါတယ် အဖေ့ကားငှားသွားလိုက်မယ် ဘာမှမဖြစ်ဘူး"

ထောက်ထားသည့်လက်၏လက်ကောက်ဝတ်အား အကျီတစ်ဝက်ခေါက်တင်ထားသောအခြားတစ်ဖက်ဖြင့်ကိုင်ထားကာ အမြဲတစေကြည့်လေ့ရှိသည့်မျက်ဝန်းလေးများနှင့်။

"မြေကရောအသင့်ရှိပြီးသားလား"

ပန်းနုရောင်သန်းသောလက်ထိပ်နုနုတို့ဖြင့် ပဲပြားကိုင်ကာပန်းကန်ပြားထဲထည့်လိုက်သည်။

"အင်း အချစ်ပြောကတည်းကကိုယ်နေရာရှာထားပြီးသား နောက်ပြီးပွဲစားတွေလည်းရှိတယ် သူတို့နဲ့စကားပြောကြည့်ရမှာပေါ့"

နေပြည်တော်ကိုသွားရမှာကလည်းရှိသေးတော့ မြေအရင်ဝယ်ထားကာမှ တိမ်စိုင်ဖြစ်ချင်သည့်ဆန္ဒပြည့်ဝရမည်။ထို့ကြောင့် မြန်မြန်သာအကောင်အထည်ဖော်ပြီး တိမ်စိုင့်ကိုပျော်ရွှင်သထက်ပျော်ရွှင်အောင်လုပ်ပေးချင်နေပြီ။

"သားလေးကိုခေါ်သွားကြမယ်နော် အပြင်မထွက်တာကြာတော့သားလေးလည်းလိုက်ချင်နေလောက်တယ်"

ပဲပြားပန်းကန်ကိုဘေးကပ်လိုက်ပြီး ဂျွန့်နားကဘေစင်‌ဆီသွားကာ လက်နှစ်ဖက်ကိုပွတ်ဆေးသည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now