Special Ep_5

7.2K 837 174
                                    

Unicode

"ကိုမင်းအိုင်တောင်ရောက်နေပြီလားဗျ"

မျက်နှာသစ်၊အဝတ်အစားလဲလို့ပြီးကြတော့ တိမ်စိုင် ဝူဝူလေးလက်ကိုဆွဲကာ အပေါ်ထပ်လှေကားကနေဆင်းလာသည်။ဂျွန်ကတော့ ရေချိုးဖို့အတွက်အပေါ်ထပ်မှာပဲကျန်နေခဲ့သည်။

"ဟုတ်တယ်တိမ်စိုင် ဆရာရော ခုထိမပြီးသေးဘူးလား"

ဂျွန်ရုံးနောက်ကျသည့်အချိန်မှာ မရှိသလောက်ကိုရှားတာမို့ ကိုမင်းအိုင်နာရီတကြည့်ကြည့်နှင့်ဖြစ်နေသည်။

"ဒီနေ့ ကိုရုံးမတက်ဘူးလို့ပြောတယ် ကိုမင်းအိုင်ကိုပဲရုံးလွှတ်လိုက်တဲ့ ကျွန်ဝောာ့်ကိုပြောခိုင်းလိုက်တယ်"

ကိုမင်းအိုင်စိတ်ထဲမနေသာဖြစ်သွားသည်။သူရုံးကိုတစ်ယောက်တည်းသွားရမှာပျင်းသည်။ရုံးနဲ့အိမ်ကားမောင်းတဲ့အခါ ဘေးမှာတစ်ယောက်ယောက်ထိုင်နေတာကိုသူသဘောကျသည်။အိမ်မှာဆိုတစ်ယောက်တည်း အထီးကျန်ပြီးနေရတာကြောင့် ကားမောင်းချိန်လေးတော့ တစ်ယောက်တည်းမနေချင်ပေ။

"ဒါဆိုလဲ အကိုပဲသွားရတော့မှာပေါ့"

ကိုမင်းအိုင် ကားသော့ကိုင်ကာမတ်တတ်ထရပ်လိုက်သည်။

"ဟုတ်ကဲ့ ကိုမင်းအိုင် မနက်စာစားသွားပါအုံးလား"

စားဖို့‌ေခါ်တော့ သူဗိုက်ဆာနေပေမယ့် သိပ်ပြီးလည်းထွေထွေထူးထူးစားချင်စိတ်ကပေါ်မနေတော့တာကြောင့်။

"တော်ပြီတိမ်စိုင် အကိုမစားတော့ဘူး ဒီအတိုင်းပဲသွားလိုက်တော့မယ် ဦးလေးကျွန်တော်သွားလိုက်ပါအုံးမယ်"

ဂျွန့်အဖေကိုခေါင်းငုံ့နှုတ်ဆက်ပြီး လေတစ်ချက်အဝှေ့မှာခန္ဓာကိုယ်ကိုလှည့်လိုက်သည်။

"အေးအေး ငါ့တူကားလည်းသေချာမောင်းအုံး"

"ဟုတ်ကဲ့ ဦးလေး"

ထို့နောက်စီးလာသောကြက်ပေါင်ဖိနပ်ကို ပြန်လည်ကာထိုးစီး၍ အိမ်နှင့်ကျောခိုင်းကာထွက်သွား‌သည်။

"ဟာ ဒီနေ့ကိုအငယ်လေးလာမယ်ဆိုတာမပြောလိုက်ရဘူး မေ့သွားတယ်"

တိမ်စိုင်ငယ်လိုWhere stories live. Discover now