Ep_12

23.6K 2.5K 169
                                    

Unicode

တကျိကျိမြည်နေသော ငှက်ပေါက်ကလေးများ၏ တေးသံနှင့်အတူ တိမ်စိုင်လည်းနိုးလာခဲ့သည်။ညကသူစောစောအိပ်ပျော်သွားမိတာ ကလေးကိုဖိမိသွားသေးလားဆိုကာ ဘေးကိုလှည့်ကြည့်တော့ ဂျွန်တို့သားအဖအိပ်နေလိုက်ကြတာများ။ဂျွန်ကတိမ်စိုင့်ဘက်ကိုစောင်းကာအိပ်ပျော်နေပြီး ဝူဝူကတော့သူ့အဖေဗိုက်ပေါ်ခြေထောက်တစ်ချောင်းရောက်ကာ ခွလျက်သားလေးအိပ်နေသည်။သူတောင်ကလေးကို ခဏလေးပဲတွေ့ရသေးတာဒီလောက်ချစ်နေရင် ဂျွန်ဆိုဘယ်လောက်တောင်ချစ်လိုက်မလဲ‌။

ခုတင်ပေါ်ကနေ ဖြည်းဖြည်းလေးထလိုက်ပြီး ခါးကြောတစ်ချက်ဆန့်လိုက်သည်။အိမ်မှာအိပ်ရတဲ့ညတွေနဲ့မတူဘဲ ဒီနေ့ကတော့လန်းဆန်းလို့နေသည်။မနေ့ကမရပ်တန်းရွာ‌ေနတဲ့မိုးက ဒီနေ့တစ်ရက်တော့ ရွှေဝါရောင်နေမင်းကြောင့်ပျောက်ကွယ်နေခဲ့ပြီ။

ခုတင်ကနေတံခါးဆီသွားဖို့လုပ်တော့ ခုတင်ခြေရင်းကမှန်တစ်ချပ်မှာကိုယ့်ရုပ်ကိုကြည့်နေတဲ့တိမ်စိုင်။မျက်ခံုး‌ေပါ်ကို‌ေရာက်‌ေနတဲ့ ဆံပင်စတွန့်တွန့်က‌ေလးများအား လက်ညှိုးတစ်ချောင်းနှင့်ပင့်တင်လိုက်သည်။ဂျွန်ဝတ်ခိုင်းလို့ဝတ်ထားရတဲ့အနက်‌ေရာင်ညအိပ်ဝတ်စုံက အရင်တစ်ခါဝတ်ခဲ့တဲ့အဖြူရောင်အကျီနဲ့ဂျင်းဘောင်းဘီလိုပါပဲ လက်ကောက်ဝတ်ကိုဖုံးနေတဲ့အကျီရယ်၊ခြေမျက်စိတောင်မပေါ်တော့တဲ့ဘောင်းဘီရယ်က တိမ်စိုင်အရပ်ရှည်တာကိုနှိမ်နေသည်မှာအသိအသာ။

‌မနက်နိုးတိုင်းမှန်ကြည့်တတ်တော့ ဒီအိမ်ကမှန်ကိုလည်းသူအလွတ်မပေးနိုင်။လက်မောင်းကကြွက်သားတွေကိုလည်း ကလေးတွေကစားတဲ့ပကျိပကျိမြည်တဲ့ဘဲရုပ်လေးတွေလို ကိုင်ကြည့်နေသေးသည်။နောက်မှ ရှည်နေတဲ့ဘောင်းဘီကိုဗိုက်အထိဆွဲတင်လိုက်ပြီး တံခါးကိုအသံမထွက်အောင်ဖြည်းဖြည်းလေးပိတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့‌ေတာ့အခန်းထဲကနေ ဘီးတစ်‌ေချာင်းနဲ့ဆံထုံးထုံးရင်းထွက်လာတဲ့အန်တီခင်နှင့်တွေ့သည်။

"တိမ်စိုင်နိုးပြီလား မနက်စာစားတော့မလားတီခင်ပြင်‌ေ‌ပးမယ်လေ"

"ရပါတယ်ဗျ ကျွန်တော်မစားသေးပါဘူး ခုကသွားတိုက်ဖို့လာ‌ေတာင်းတာပါ ကျွန်တော့်ကိုမီးသွေးတစ်ခဲလောက်ဖြစ်ဖြစ် ဒါမှမဟုတ်ရင် ဆားလေးနည်းနည်းလောက်ပေးပါလားဗျ"

တိမ်စိုင်ငယ်လိုTempat cerita menjadi hidup. Temukan sekarang