Ep_40

13.6K 1.5K 117
                                    

Unicode

"အဝတ်တွေပြီးအောင်ထည့်လိုက်အုံးမယ် ကိုဒီနေ့အလုပ်သွားမှာလား"

"ဟင့်အင်း ဒီနေ့အိမ်မှာပဲနေမယ် မသွားတော့ဘူး"

တိမ်စိုင် ဝူဝူ့ဘောင်းဘီတိုလေးတွေကို ဗီဒိုအောက်ထပ်ထဲထည့်နေတဲ့အချိန် ဂျွန် တိမ်စိုင့်ပေါင်ပေါ်တွင်ခေါင်းချအိပ်နေသည်။

"ဒါဆိုလည်းကောင်းတာပဲ မျက်နှာသွားသစ်အုံးလေ ကိုညစ်ပတ်ရဲ့"

"မသစ်ချင်ဘူးပျင်းတယ် အချစ်သစ်ပေးပါလား"

အဲ့လိုပြောတော့ တိမ်စိုင်သူ့ပေါင်ပေါ်ကဂျွန့်ကို နဖူးဖျပ်ကနဲရိုက်လိုက်သည်။

"လက်ပါတယ်လေဗျာ ကလေးလည်းမဟုတ်ဘူး ကျွန်တော်ကဘာလို့သစ်ပေးရမှာလဲ ကိုယ့်ဘာကိုယ်သစ်ပေါ့"

"အချစ်ကလည်း ကိုယ့်ကိုသားလေးလို့သဘောထားလိုက်လေ"

ဂျွန် တိမ်စိုင့်ပေါင်ပေါ်တွင်အိပ်နေပုံမှာ မြေဖြူခဲတစ်ချောင်းထပ် ‌ကော်ဖီစေ့ကလေးတစ်လုံးတင်ထားသကဲ့သို့ဖြစ်နေသည်။

"ထပါ လိမ္မာပါတယ် မျက်နှာသွားသစ်"

"ဒါဆို morning လုပ်ပေး"

ဂျွန်လှဲနေရာကထလာပြီး တိမ်စိုင့်မျက်နှာနားတိုးကာ ပါးတစ်ဖက်ဖောင်းပေးထားသည်။

"မလုပ်ပေးမချင်း ဒီနေရာကနေ တစ်စင်တီမီတာတောင် မရွေ့ပေးနိုင်ဘူးနော်"

"ဟုတ်ပါပြီဗျာ ကျေနပ်ပြီလား"

ကလေးတစ်ယောက်လိုဂျီကျနေတဲ့ဂျွန် ပါးတစ်ဖက်ပူနွေးသွားတော့မှပျော်သွားပြီး။

"ဒါက အချစ်ကိုပြန်ဆုချတာ"

တိမ်စိုင့်နှုတ်ခမ်းဖူးတို့ကိုလည်း ဂျွန်အနွေးငွေ့ပေးကာထထွက်သွားသည်။

"အကိုတစ်ယောက်နဲ့ ငါလည်းဘယ်တော့နှလုံးရပ်ပြီးသေမလဲမသိဘူး"

ဂျွန်ရေချိုးခန်းထဲဝင်သွားပြီးနည်းနည်းကြာတဲ့အထိ တိမ်စိုင်ဗီဒိုရှေ့ထိုင်ကာ နှုတ်ခမ်းကိုလက်နဲ့ထိပြီးငူငူငိုင်ငိုင်ဖြစ်နေသည်။

________________________

"ဒေါ်လေးတို့တကယ်ပြန်ကြတော့မလို့လား ရောက်တာဖြင့်ဘယ်နှစ်ရက်မှမရှိသေးဘူး"

တိမ်စိုင်ငယ်လိုDove le storie prendono vita. Scoprilo ora