Unicode
"ဝူဝူ သားလေးဖေဖေအိပ်နေတာကြည့်ပါအုံး"
ဒူးနှစ်ဖက်ကွေးကာ စောင်အပြည့်ခြုံ၍ နှာခေါင်းဖျားလေးသာချန်ထားပြီးအိပ်နေသည့်ဂျွန့်ကို ဝူဝူနဲ့တိမ်စိုင်ခုတင်ပေါ်မှာ ဒူးလေးနှစ်ဖက်ထောက်ထိုင်ကာကြည့်နေကြသည်။
"ဖေဖေက ကယေးယေးကျနေတာပဲ"
"ဟုတ်တယ်နော် ဖေဖေ့လူကြီးခန္ဓာကိုယ်ထဲ ကလေးလေးများဝင်နေလားမသိဘူး"
"ဝူဝူ့ယိုယား"
ရင်ဘတ်နားလေးကို လက်ညှိုးနဲ့ထောက်ပြီး သူ့ကိုယ်သူထိုးပြသည်။
"မဟုတ်ဘူး သားလေးဖေဖေက သားလေးရဲ့ညီလေးဖြစ်လောက်မယ်"
ဘေးမှာထိုင်ပြီး ဂျွန့်ကိုမနှိုးဘဲ တစ်ယောက်၊တစ်လှည့်စီ ပါးစပ်ထဲရှိရာလျှောက်ပြောနေကြသည့်နှစ်ယောက်။မျက်နှာလည်းမသစ်၊သွားလည်းမတိုက် နိုးကတည်းက ကွေးပြီးအိပ်နေတဲ့ထိုအဖေဂျွန့်ကိုသာ အာရုံရနေကြသည်။
"ဒါချို ဖေဖေ့ကိုချော့သိပ်ယေ"
"သိပ်စရာမလိုဘူးလေသားရဲ့ ဖေဖေကခုလည်းအိပ်နေတာပဲ"
ဝူဝူ တစ်ခုခုစဉ်းစားနေပုံရသည်။ပေါင်နှစ်ဖက်ပေါ်လက်တင်ကာ လက်သီးဆုပ်လေးကျစ်ပြီးထိုင်နေသည်။
"ဖေဖေဒီနေ့ အယုတ်သွားရဘူးယား"
"သားပြောမှသတိရတယ် ဖေဖေ့ကိုနှိုးရမှာပဲ ဘယ်နှစ်နာရီရှိပြီလဲမသိဘူး"
တိမ်စိုင် ခေါင်းကိုချာလပတ်လည်အောင်လှည့်ကြည့်သည်။သုိ့ေသာ်နာရီကိုမတွေ့။
"မေမေရော့"
ဝူဝူ အိပ်ရာပေါ်တွင်လေးဘက်ထောက်သွားပြီး ခုတင်ေဘးခံုေပါ်တင်ထားသည့် ဂျွန့်ငွေရောင်နာရီကိုယူပေးသည်။
"ကျေးဇူးပါသားလေး"
တိမ်စိုင်ရဲ့လခြမ်းကွေးလေးတစ်ဖန်ပေါ်ထွက်ကာ ဝူဝူ့မျက်နှာထက်သို့ အပြုံးတို့လက်ဆင့်ကမ်းပေးသည်။တိမ်စိုင်နာရီကိုကြည့်တော့ အချိန်ကမသေး။ရှစ်နာရီကျော်နေပြီဖြစ်သည်။
"ဖေဖေ့ကိုနှိုးမှရတော့မယ် မဟုတ်ရင်ရုံးနောက်ကျနေအုံးမယ်"
![](https://img.wattpad.com/cover/239117263-288-k4249.jpg)
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20