Special Ep_7

6K 789 89
                                    

Unicode

ဒီဇင်ဘာလ ၂၅ ရက်၊သောကြာနေ့

တိမ်စိုင်ခြံထဲကသစ်ပင်တွေညှပ်သင့်တာညှပ်၊ခုတ်သင့်တာခုတ်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။ရေကူးကန်ကိုလည်းပြောင်လက်နေအောင် ရေညှိတွေကိုအကြမ်းဖတ်နဲ့တိုက်ပြီး ရေလည်းပြန်ဖြည့်ထားပြီးပြီ။ဒန်းဘေးနားကအပင်တွေကိုလည်းရေလောင်းပေါင်းသင်ထားပြီးပြီ။

ဂျွန်ယ‌ေန့အလုပ်ကစောစောပြန်လာသည်။ခါတိုင်းပြန်လာနေကျထက် ပိုစောတာကြောင့်တိမ်စိုင်အံ့ဩမိသည်။သို့ပေမယ့် နားချင်တဲ့အချိန်နားခွင့်ရအောင်ဆိုကာ အမေးအမြန်းထူမနေတော့ဘဲ ခြံထဲသန့်ရှင်းရေးလုပ်နေသည်။ဝူဝူလေးကိုဒေါ်လေးတို့ထိန်းနေတာကြောင့် စိတ်ဖြောင့်ဖြောင့်နှင့်ယခုလိုလုပ်နေနိုင်သည်။

ယနေ့အရာအားလုံးထူးဆန်းနေသည်။ဂျွန်ပြန်ရောက်လာတုန်းက တိမ်စိုင့်ကိုအရင်လိုကပ်ချွဲမနေ။ထမင်းစားစရာရှိတာစားပြီး အခန်းထဲအောင်းနေသည်။ဖြူသွယ်တစ်ယောက်လည်း အလုပ်လုပ်နေသည်ကိုစပ်စပ်စုစုလိုက်မမေးဘဲ ဂျွန်အပေါ်ထပ်တက်သွားသည့်နောက်သို့လိုက်သွားသည်။ထို့အပြင် အန်တီခင်နှင့်အဖေတို့ပါစကားမပြောကြတာကြောင့်အိမ်ကတိတ်ဆိတ်နေသည်။

မနက်နိုးလာကတည်းက ဝူဝူလေးကိုမထိန်းရပေ။အမြဲတမ်းတိမ်စိုင့်လက်ကိုကိုင်ပြီး တိမ်စိုင်သွားရာနောက် တကောက်ကောက်လိုက်နေသည့်ဝူဝူလေးကပါ ယနေ့တိမ်စိုင့်နားမကပ်ပေ။ထူးဆန်းသည်။ပြောမပြတတ်လောက်အောင်ကိုထူးဆန်းနေသည်။

ကျွီ...

ခြံတံခါးဖွင့်လာသံနှင့်အတူကိုမင်းအိုင်ခေါင်းတစ်လုံးခြံထဲအရင်ရောက်လာသည်။‌

"ကိုမင်းအိုင်ပါလား ရုံးမဆင်းသေးဘူးလားဗျ"

ခန္ဓာကိုယ်တစ်ပိုင်းကအပြင်မှာရပ်‌ေနပြီး ခြံတံခါးကနေခေါင်းတစ်လုံးသာထွက်နေသည်။တိမ်စိုင့်ခေါ်သံကြားတော့ လန့်သွားသယောင်မြင်ရကာ တိမ်စိုင့်ကိုပြုံးပြသည်။စကားလုံးတစ်လုံးမှ ဟ သံပင်မကြားရ။

"ဘာဖြစ်လို့လဲ ကိုမင်းအိုင်"

ခိုးကြောင်ခိုးဝှက်နှင့် ရုပ်ကတစ်ခုခုဖြစ်နေသလိုပေ။

တိမ်စိုင်ငယ်လိုWhere stories live. Discover now