Unicode
ဝူဝူအောက်ထပ်ကိုပြေးဆင်းလာပြီး ဖြူသွယ်တို့ရှိတဲ့မီးဖိုချောင်ထဲကိုဝင်လာခဲ့သည်။ငရုတ်သီးထိုင်ထောင်းနေတဲ့ဖြူသွယ်နားသွားပြီး လက်ကိုဆွဲကာ။
"မမ အပေါ်ထပ်ကိုယေ ဟိုေဒါ်ေဒါ်တက်သွားယယ်"
"အပေါ်ထပ်ကို သူကဘာသွားလုပ်တာလဲ"
ဝူဝူပြောတဲ့စကားကိုဖြူသွယ်နဲ့အန်တီခင် သေချာစဉ်းစားကြည့်နေကြသည်။ဝူဝူကလိမ်မပြောတတ်တော့ သူဒီလိုပြောတာအကြောင်းတစ်ခုခုရှိမှန်းသိကြသည်။
"ဖေဖေ့ အိပ်ရာပေါ်မှာထိုင်ယယ် ဖေဖေ့နာရီတွေကိုယဲ ကိုင်ကြည့်နေတာ ဝူဝူညင်ယယ်"
"သူဘာလို့ဒီလိုလုပ်ရတာလဲ အန်တီခင် ခုနကလည်းေလ အဲ့အဒေါ်ကြီးကြည့်ရတာသိပ်ပြီးမူမမှန်သလိုဘဲ ဝူဝူအော်ပြီးပြောကတည်းက သမီးနည်းနည်းတော့စိတ်ထင့်နေတာ"
အန်တီခင် ကြက်သားဟင်းချက်နေရာကနေမီးကိုပိတ်ပြီး ဖြူသွယ်တို့နားကိုလာကာ။
"ဒါဆိုလည်း ထိုင်မနေနဲ့လေ ထထ တော်ကြာငါတို့အိမ်ကပစ္စည်းတွေသူ့ဆီပါသွားလို့မဖြစ်ဘူး ပြီးတော့ဂျွန်ကလည်း သူ့ပစ္စည်းတွေကိုင်တာကိုမကြိုက်ဘူးလေ"
"ဟုတ်တယ် ကြီးမေပြောတာမှန်တယ်"
ြဖူသွယ်ငရုတ်သီးထောင်းနေရာကနေထ လက်ဆေးပြီး ဝူဝူနဲ့အပေါ်ထပ်ကိုခြေသံမကြားရအောင် တိတ်တိတ်ကလေးတက်လာသည်။အန်တီခင်ကေတာ့ အနောက်က။
ဂျွန့်အခန်းေရှ့ကိုရောက်တော့ အထဲကိုမဝင်သေးဘဲ ထိုအဒေါ်ကြီးဘာလုပ်နေသလဲဆိုတာကို တံခါးရွက်နောက်ကနေကွယ်ပြီး ကုန်းကုန်းကုန်းကုန်းနှင့် အကဲခတ်ကြည့်ေနကြသည်။
အခန်းထဲကအဒေါ်ကြီးကတော့ ဂျွန့်ရဲ့ခုတင်နားမှာရှိတဲ့ နာရီထည့်တဲ့အံ့ဆွဲတွေကိုမွှေနှောက်ပြီး သူ့အပေါ်အကျီအောက်က အတွင်းဝတ်မှာပါတဲ့အိတ်ကပ်ထဲကို နာရီတစ်လုံးပြီးတစ်လုံးေကာက်ထည့်နေသည်။
ဂျွန်ကတခြားလက်စွပ်တို့ဘာတို့ဝတ်လေ့ဝတ်ထသူ့မှာမရှိဘူး။ဒါပေမယ့် နာရီကိုတော့ ပုံစံမျိုးစုံ၊ဒီဇိုင်းမျိုးစုံကိုဈေးေတာ်တော်ကြီးကြီးပေးပြီးဝယ်စုထားတတ်သည်။နာရီဘောင်ပတ်ပတ်လည်မှာ စိန်တွေစီထားတဲ့ Rolex နာရီ လေးငါးဆယ်လုံးကို ဘူးတစ်ခုစီနဲ့ထည့်ပြီး စားပွဲရဲ့အံဆွဲအကန့်တိုင်းမှာ သပ်သပ်ရပ်ရပ်စီထားသည်။ဘယ်လောက်တောင်များလည်းဆိုရင် နာရီရောင်းတဲ့ဆိုင်တောင် ဂျွန်စုထားတဲ့နာရီေလာက်ရှိမည်မဟုတ်ေပ။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20