Unicode
"ကိုကြီးဂျွန် အစောကြီးနိုးနေပါလား ဘာချက်နေတာလဲ"
မီးဖိုချောင်ထဲတွင် နက်ပြာရောင်ခါးစည်းတစ်ခုချည်ကာ ယောက်မတစ်ချောင်းကိုင်ပြီးအိုးကိုမွှေနေသောဂျွန်။အခုလို ကျစ်လစ်ခိုင်မာတဲ့နောက်ကျောပြင်ကျယ်ကို မမြင်ရခဲ့တာအတော်လေးကြာခဲ့ပြီ။ဖြူသွယ့်အသံကြားတော့ ဂျွန်အိုးကိုဆက်မွှေရင်း။
"ကြေးအိုးချက်နေတာ တိမ်စိုင်နဲ့သားလေးကိုကျွေးချင်လို့ ကိုယ်တိုင်မချက်ကျွေးခဲ့ရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ"
"ကြေးအိုးဆိုတော့ရှယ်ပဲ ဖြူသွယ်လည်း ကိုကြီးဂျွန်လက်ရာကိုအရမ်းလွမ်းနေတာ"
ပြုတ်ထားတဲ့ကြာဇံမျှင်တွေကို ဇကာတစ်ခုနှင့်ဂျွန်ရေစစ်လိုက်ပြီး။
"မျက်နှာသစ်ပြီးပြီလား သစ်ပြီးရင်ဒီမှာလာကူပေးအုံး"
"သစ်ပြီးပြီ ဒါပေမယ့်ခဏလေးဖြူသွယ် ဆံပင်သွားစည်းလိုက်အုံးမယ်"
တင်ပါးကျော်အထိရှည်လျားတဲ့ဆံနွယ်တစ်စုကို ခေါင်းစည်းကြိုးတစ်ကွင်းနှင့်ထုံးကာချည်လိုက်ပြီး ဖြူသွယ်ဂျွန့်ဘေးကိုရောက်လာခဲ့သည်။ဂျင်းနှင့်ကြက်သားအချိုးကျရောနှောကာ အလုံးလေးတွေလက်နဲ့ဆုပ်လုံးပြီး တည်ထားသည့်ကြက်ပြုတ်ရည်ထဲသို့ တစ်လုံးချင်းထည့်လိုက်သည်။
ဖြူသွယ်မုန်ညင်းရွက်နုနုလေးတွေကိုရေစင်အောင်ဆေးကာ ဂျွန့်ဘေးကမီးဖိုတွင်ပြုတ်ေပးနေသည်။ဂျွန်ကြေးအိုးအတွက်လိုအပ်တဲ့ ဆော့စ်လုပ်ဖို့ မီးဖိုချောင်အပေါ်မှာရှိတဲ့စင်ထဲကငရုတ်ဆီတစ်ထုပ်ယူကာ ပန်းကန်လုံးတစ်ခုထဲတွင်ဖောက်ထည့်လိုက်သည်။
ရေကျက်အေးအနည်းငယ်နှင့်သကြားဇွန်းတစ်ဝက်ခန့်ထည့်ကာ ငံပြာရည်လိုသလောက်ထည့်လိုက်သည်။ငရုတ်သီးမှုန့်တစ်ဇွန်းထည့်ကာ မွှေပြီးသည့်အခါတွင်တော့ အချဉ်ဖျော်ခြင်းပြီးဆုံးသွားပါသည်။ဂျွန်အိုးထဲကိုပြုတ်ထားတဲ့ငုံးဥတွေနဲ့အတုံးလေးတွေတုံးထားတဲ့ ပဲပြားတို့ကိုထည့်ကာတစ်ချက်နှစ်ချက်မွှေလိုက်သည်။အချိုမှုန့်နှင့်ကြက်ဥလေးလုံးဖောက်ထည့်ကာ မီးဖိုခလုတ်ပိတ်ပြီးေကြးအိုးချက်ခြင်းကိုအပြီးသတ်လိုက်သည်။
![](https://img.wattpad.com/cover/239117263-288-k4249.jpg)
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20