Ep_19

20.6K 2.3K 202
                                    

Unicode

ခန္ဓာကိုယ်ပေါ် သံတုံးတစ်ခုပိသလိုလေးလံလာတာကြောင့် ဂျွန်ဆက်မအိပ်နိုင်ဘဲနိုးလာခဲ့သည်။ဘေးကိုကြည့်လိုက်တော့ တိမ်စိုင်နဲ့ဝူဝူမရှိကြ။ဂျွန်ထဖို့လုပ်ပေမယ့် လူကမရွေ့။

ဘာကပိ‌ေနတာလဲဆို‌ေတာ့ ဗိုက်ပေါ်မှာရောက်နေတဲ့ကိုမင်းအိုင်ရဲ့ခြေထောက်တစ်ဖက်၊ဂျွန့်လည်ပင်းကိုလည်းလက်တင်ထားသည့်အပြင် ခွပါခွထားသေးသည်။ညကဖက်လုံးနဲ့ဂျွန်နဲ့များမှားသွားသည်ထင်သည်။ဂျွန် ဖယ်ပြီးမ တော့လည်းကြွတောင်မကြွ။ဘာမှသုံးစားလို့မရတဲ့ကြွက်သားတွေက လူကိုလာဖိနေသည်။

"ကိုမင်းအိုင်!"

ဂျွန် တစ်ချက်အော်လိုက်သည်။ဒါလည်း မနိုး။ဂျွန့်မျက်နှာတစ်ခုလုံး ငရုတ်သီးနဲ့ပွတ်ခံထားရသလိုနီရဲလာကာ လည်ပင်းပေါ်ကလက်ကိုအတင်းဆွဲခွာသည်။ဘယ်လိုခွာခွာ မကွာဘဲပိုလို့တောင် တိုးပြီးဖက်လိုက်သေးသည်။

"ပြွတ်"

ဂျွန့်ပါးပေါ်ကိုအလင်းအလျှင်နဲ့ထိလာတဲ့ ကိုမင်းအိုင်ရဲ့နှုတ်ခမ်း။အိပ်မက်ထဲမှာကောင်မလေး‌နဲ့ချိန်းတွေ့နေလို့ဖြစ်မည်။

"ကိုမင်းအိုင်......!"

ဂျွန်စိတ်တွေပိုပြီးတိုလာကာ ကိုမင်းအိုင်ရဲ့ခေါင်းကိုလက်နဲ့ကိုင်ပြီး တွန်းပစ်လိုက်သည်။အဲ့တော့မှ။

"ဆရာ နိုးပြီလား အိပ်လို့ကောင်းလိုက်တာ"

ကိုမင်းအိုင်ထထိုင်ကာ ဝှါးကနဲသမ်းလိုက်ပြီး အိပ်ချင်မူးတူးရုပ်နဲ့လည်ပင်းကိုကုတ်နေသည်။ဘေးမှာသူ့ကိုအမှုန့်ကြိတ်မယ့်လူရှိနေတာကို ခုထိသတိမထားမိသေး။

"မနက်စောစောစီးစီး ကျက်သရေတုန်းသွားပြီ ကိုမင်းအိုင် ခင်ဗျားသွားတော့"

"သွားမယ် သွားမယ် အိမ်သာတက်‌‌ချင်နေပြီ"

ပြေနေတဲ့ပုဆိုးကိုကွင်းသိုင်းကာ ဂျွန့်နားကနေထွက်သွားသည်။ဘယ်သူမှတောင်မနမ်းဖူးသေးတဲ့ ဂျွန့်ပါးပြင်အသစ်စက်စက်ကလေးကတော့ ကိုမင်းအိုင်ရဲ့ ဦးဦးဖျားဖျားဈေးဦးဖောက်ခြင်းကိုခံလိုက်ရပြီ။ကာယကံရှင်ကတော့ အိမ်သာတက်ချင်စိတ်ကြောင့် ဂျွန်စိတ်တိုနေမှန်းတောင်မသိပုံရသည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now