Special Ep_4

7.4K 894 79
                                    

Unicode

"ဒါနဲ့ အချစ်ကကော်ဖီမကြိုက်ဘဲနဲ့ ဘာလို့ကော်ဖီဆိုင်ဖွင့်ချင်တာလဲ"

အိပ်ရာပေါ်ကခုထိမထနိုင်သေးဘဲ အချောအလှလေးဟုထာဝစဉ်မှတ်ယူထားသည့် တိမ်စိုင်‌့မျက်နှာကို ဝူဝူလေး‌အနောက်ကနေ ခေါင်းအုံးပေါ်လက်တစ်ချောင်းထောက်ထားသည်။

"ကော်ဖီမကြိုက်တာမှန်ပေမယ့် ကော်ဖီရဲ့အနံ့ကိုတော့သဘောကျတယ် ဥပမာ စာအုပ်တစ်အုပ်ရဲ့အနံ့လိုမျိုးပေါ့ ကျွန်တော်တို့စာရွက်တွေကို ကိုက်စားလို့တော့မရဘူး ဒါပေမယ့် အသစ်ချပ်ချွတ်စာအုပ်တစ်အုပ်ကနေထွက်လာတဲ့ မွှေးစိမ့်စိမ့်အနံ့လေးကိုသဘောကျကြတယ်လေ"

တိမ်စိုင်သူ့ခြေထောက်နှစ်ဖက်ကို လက်နှင့်ကိုင်ထားကာ ဆံပင်ကောက်လေးတွေလှုပ်ယမ်းနေသည်။

"အချစ်စာအုပ်ဖတ်ရတာကြိုက်တာလား ကိုယ့်ကိုလည်းတစ်ခါမှမပြောဖူးဘူး"

သူသာကြိုသိခဲ့လျှင် တိမ်စိုင့်ကို စာကြည့်ခန်းလေးတစ်ခန်းတော့ လုပ်ပေးဖြစ်လောက်သည်။

"စကားမဆက်မိလို့ဖြစ်ပါလိမ့်မယ် ကျွန်တော်လည်းငွေကုန်တော့ဝယ်ဖတ်တာရှားတယ် ငယ်ငယ်တုန်းကတော့ အိမ်နားကစာအုပ်ဆိုင်လေးမှာ တစ်အုပ်ငါးဆယ်နဲ့ငှားဖတ်ခဲ့ဖူးတယ် စာအုပ်အသစ်လေးတွေကိုတော့ဆိုင်တွေမှာပဲငေးခဲ့ဖူးတာ"

ငယ်ငယ်ကအကြောင်းတွေပြန်တွေးရင်း ကလေးဘဝကစာအုပ်ကိုစွဲလမ်းခဲ့ဖူးတာတွေ၊ပျော်ရွှင်ခဲ့ဖူး‌တာတွေပါ တိမ်စိုင်တဖြည်းဖြည်းသတိရလာသည်။

"ပြောခဲ့တာမဟုတ်ဘူး ကိုယ့်အချစ်လေးကအဲ့လိုမျိုးဖတ်တတ်မှန်းသိရင် ကိုယ်စာအုပ်တွေဝယ်ပေးမှာပေါ့"

သို့ပေမယ့် အခုမှသိရလည်းသိပ်နောက်မကျသေးတာမို့ သူတိမ်စိုင့်ဆန္ဒကိုဖြည့်ဆည်းပေးချိန်အများကြီးရှိသေးသည်။

"ကြီးလာတော့စာအုပ်ဖတ်ဖို့အချိန်မရှိတော့ဘူးလေ ဒါကြောင့်ကျွန်တော်ကို့ကိုမပြောမိတာနေမှာပါ"

"အဲ့တာဆိုရင် အချစ်‌ရဲ့ဆိုင်လေးဖွင့်တဲ့အခါ ကိုယ်စာအုပ်တွေအပြည့်စီစဉ်ပေးမယ် အချစ်လည်းအလုပ်နားတဲ့အခါဖတ်လို့ရအောင်"

တိမ်စိုင်ငယ်လိုWhere stories live. Discover now