Special Ep_10

5.8K 668 67
                                    

Unicode

"ဖြူသွယ်..ဖြူသွယ်ရေ တံခါးလာဖွင့်ပေးအုံးဟ"

ကိုမင်းအိုင်အော်ခေါ်နေသည့်အသံက speaker တောင်မမှီနိုင်တာမို့ အငယ်လေးနားနှစ်ဖက်စလုံးဖြုတ်သာထားချင်နေသည်။ပုစဉ်းရင်ကွဲအကောင်တစ်သိန်းလောက်စုအော်ရင်တောင် ကိုမင်းအိုင်ကိုအံတုနိုင်မည်မထင်။

"ဖြည်းဖြည်းသက်သာအော်လည်း ထွက်လာမှာပါ ဘယ်လိုဖြစ်လို့အော်နေရတာလဲဦးလေးရဲ့"

ဖြူသွယ်အမောတကောနဲ့အိမ်ထဲကအမြန်ထွက်လာကာ လေးလံသည့်ခြံတံခါးကို စက်ဘီးစမုတ်တံပမာခွန်အားကြီးသည့်လက်‌ေမာင်းတောင့်တောင့်ဖြင့် ခြေနှစ်ချောင်းမှာမြေပြင်ပေါ်အားကုန်ကန်ကာဆွဲဖွင့်ပေးသည်။

"နင်ဟာလေ ဘာတွေစားနေပြန်ပြီလဲနှုတ်ခမ်းမှာလည်းအဆီဆယ်ပိဿာနဲ့"

ကားကိုအထဲထိမမောင်းနိုင်သေး။အပေါက်ဝမှာကားခေါင်းတစ်ခြမ်းသွင်းထားပြီး အဆီတွေဗလပွနှုတ်ခမ်းနီဆိုးထားသလိုပေကျံနေသည့်ဖြူသွယ့်ကိုလှမ်းစ‌ေနသည်။

"ဘာစားစားပေါ့ ပြောပြရင်ကျွေးနေရအုံးမယ်"

နှုတ်ခမ်းကိုလျှာဖျားနဲ့သပ်လိုက်ပြီး ရေစိုနေသည့်လက်ကိုဘောင်းဘီတွင်သုတ်လိုက်သည်။

"အဲ့လောက်သဒ္ဒါတရားရှိနေရင်တော်ပါ‌ပြီ"

မကျွေးချင်ဘူးဆိုမှတော့ အတင်းစားလို့မရ။မဟုတ်ရင် ဒီကောင်မလေးကယုံရတဲ့အစားထဲမှာမပါ။မုန့်မျက်နှာတစ်ကမ္ဘာ၊မုန့်သာလျှင်ဘဝ၊မုန့်သာလျှင်ရှင်သန်ခြင်းဖြစ်သည့်ဖြူသွယ် အအေးထည့်ပေးရင်ခွက်ချင်းတိုင်းကြည့်ပြီးများတာဆိုသူယူသည်။ကိတ်မုန့်၊ပေါင်မုန့် တစ်ဝက်စီစားရရင်လည်း ကြီးတဲ့အပိုင်းဆိုသူယူတာချည်း။မုန့်ကိုထိဓားကြည့်၊သူမကျွေးဘဲစားရင် ကြွက်သတ်ဆေးတွေ၊ရှာလကာရည်တွေလည်း တိုက်ချင်တိုက်နေနိုင်သည်။

"ဒါနဲ့ အထဲကဘယ်သူလဲ"

ကားမှန်အမည်းချထားသည့်ဘေး အငယ်လေးကထိုင်နေတော့ ဖြူသွယ် ကိုမင်းအိုင်တံခါးပေါက်ကနေခေါင်းဝင်ပြီးအထဲထိစပ်စုသည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now