Ep_21

21.2K 2.4K 353
                                    

Unicode

"ကျွန်..ကျွန်တော်"

"ဒီမှာပဲနေလိုက်ပါတော့ကွာ မင်းဒီမှာနေရင်သားကပျော်မှာ"

တိမ်စိုင်သောက်နေတဲ့ရေခွက်ကိုအောက်ချလိုက်ပြီး။

"နေလိုက်ပါမယ် ဒါပေမယ့် တစ်ခန်းတည်းတော့မနေဘူး ကျွန်တော်လွတ်နေတဲ့အခန်းမှာနေမယ်"

တိမ်စိုင်သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ဒီအိမ်မှာ‌ေနမည်ဟုပြောလိုက်ခြင်းဖြစ်သည်။အကြွေးတွေအကုန်ဆပ်ပေးထားတာဖြစ်တဲ့အတွက် တိမ်စိုင့်အပေါ်မှာရှိတဲ့ဂျွန့်ရဲ့ကျေးဇူးတရား‌ေတွကများပြားလွန်းတာကြောင့် တတ်နိုင်သလောက် ကလေးကိုရော၊ဂျွန့်ကိုရောစောင့်ရှောက်ပေးမှ ကျေးဇူးဆပ်ရာကျမည်။

"ရတယ် မင်းဒီမှာနေရင်ရပြီ"

တိမ်စိုင်နဲ့စကားပြောပြီးတော့ ဂျွန်နောက်ဖေးကနေထွက်လာခဲ့သည်။ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဖြူသွယ့်ကိုတွေ့တော့။

"ဖြူသွယ် နင့်ကိုကြီးတိမ်စိုင်ဒီမှာနေဖို့အတွက် အခန်းလွတ်ကိုရှင်းပေး"

"ဟယ် ကိုကြီးတိမ်စိုင်ကသမီးတို့နဲ့ဒီမှာအတူနေတော့မလို့လား ပျော်စရာကြီး"

ဖြူသွယ်အ‌ေဖာ်ရပြီဆုိကာပျော်ရွှင်နေသည်။ဂျွန်ပြောလို့ပြီးတာနဲ့ ဖြူသွယ်အပေါ်ထပ်ကိုပြေးတက်ကာ ဂျွန့်အခန်းဘေးကအခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ဖုန်အလိမ်းလိမ်းတက်နေတဲ့အိပ်ရာခင်းတွေကိုဖြူသွယ်ဖယ်လိုက်ပြီး ဗီဒီုထဲတွင်ထည့်ထသည့် အိပ်ရာခင်းအပိုကိုယူကာ မွေ့ယာပေါ်တွင်ဖြန့်ခင်းလိုက်သည်။ခေါင်းအုံးစွပ်တွေပါအကုန်လဲပြီးတော့ အိပ်ရာခင်းအဟောင်းကိုကိုင်ကာအောက်ကိုဆင်းလာခဲ့လိုက်သည်။

"ကိုကြီးတိမ်စိုင်နားလို့ရပြီနော် သမီးအကုန်ရှင်းပြီးသွားပြီ"

ဧည့်ခန်းထဲမှာ အန်တီခင်နဲ့စကားပြောနေတဲ့တိမ်စိုင့်ကိုတွေ့တာနဲ့လှမ်းပြောလိုက်သည်။ဂျွန့်ဘေးမှာထိုင်နေတဲ့တိမ်စိုင် မတ်တပ်ထရပ်လိုက်ပြီး။

"ကျေးဇူးနော်ညီမလေး ကိုကြီးခုပဲသွားလိုက်မယ်"

"ဟုတ် ဖြူသွယ်အနောက်မှာဒါတွေ‌ေလျှာ်ဖို့သွားစိမ်လိုက်အုံးမယ်"

တိမ်စိုင်ငယ်လိုWhere stories live. Discover now