Unicode
မနက်ခင်းမိုးသောက်နေရောင်ခြည်နုနုမှာ လက်မောင်းပေါ်တွင်အိပ်စက်နေသည့် ကောင်ငယ်လေး၏လခြမ်းကွေးလေးထက်သို့ဖြာကျနေသည်။
ချွန်မြသောနှာရိုးသွယ်သွယ်၊နီညိုရောင်သွေးကြောမျှင်များထင်းလင်းနေသောမျက်ခွံတို့နှင့်အတူ မို့ဖောင်းဖောင်း ပါးပြင်နှစ်ဖက်မှာ ဂျယ်လီတုံးလေးသဖွယ်ဖြစ်နေသည်မို့ မိမိ၏ချစ်စရာအမျိုးသားငယ်အား မနက်ခင်းလေးမှာ တစ်ဝေငးကြည့်နေဖြစ်သည်။
ဂျွန့်ဝမ်းဗိုက်ပေါ်မှာ ဝူဝူလေးမှောက်အိပ်နေပြီး တင်ပါးလုံးလုံးလေးနှစ်ခုအားအပေါ်သို့မြှင့်တင်ကာ ခြေနှစ်ချောင်းကိုကွေးထားသည်။ဝူဝူလေးကျောကုန်းကိုလက်ဖဝါးနှင့်မထိတထိပုတ်ပေးနေပြီး ဘေးဘက်မှာအိပ်နေတဲ့တိမ်စိုင်လေးကိုလည်း ပန်းချီကားချပ်သဖွယ် မျက်လွှာမချနိုင်ဘဲကြည့်ကာ နှုတ်ဖျားနှစ်ဖက်မှာပြုံးသယောင်မြင်နေရသည်။
"နာရီလက်တံေတွရွေ့လျားနေသ၍
ကမ္ဘာကြီးလည်ပတ်ေနသ၍
သားလေးနဲ့မင်းကိုကိုယ်ဒီထက်ပိုပြီးချစ်နေပေးအုံးမယ်"ဂျွန် ဝူဝူ့ကိုလက်တစ်ဖက်နှင့်မကာ နှစ်ယောက်ကြားပြောင်းသိပ်လိုက်ပြီး တိမ်စိုင်ခုအိပ်ထားတဲ့လက်မောင်းကိုဖယ်လိုက်သည်။ထို့ေနာက် နှုတ်ခမ်းဖျားတို့ေကာ့ညွှတ်လိုက်ပြီးဝူဝူလေးနဖူးပြင်ကိုတစ်ချက်၊တိမ်စိုင့်နဖူးပြင်လေးကိုတစ်ချက် မနက်ခင်း၏လက်ေဆာင်မွန်တစ်ခုအပ်နှင်းလိုက်သည်။
ရုံးသွားရမှာကြောင့် အိပ်ရာပေါ်ကထလာခဲ့ပြီးခုတင်ပေါ်မှာကျန်နေခဲ့တဲ့ ရတနာခဲလေးတွေကိုေတာ့ ပန်းနုရောင်စောင်အပါးတစ်ထည်လွှမ်းကာခြုံပေးထားလိုက်သည်။ဝတ်ထားတဲ့ညအိပ်ဝတ်စုံကိုကြယ်သီးတစ်လံုးစီဖြုတ်ကာချွတ်လိုက်ပြီး တစ်ခါတည်းလျှော်ဖို့အတွက်ရေချိုးခန်းထဲယူသွားသည်။
လက်ထပ်ပြီးသွားလည်း ဂျွန်သူ့အဝတ်တွေကို တိမ်စိုင့်ကိုေပးမလျှော်ပေ။အဝတ်ေလျှာ်စက်ရှိေပမယ့် တိမ်စိုင်ကလက်နဲ့ဖွတ်ပြီးလျှော်တတ်တော့အညောင်းမိမှာစိုးရိမ်သည်။နောက်ပြီး ထိုင်လျှော်တဲ့အခါဝတ်ထားတဲ့ဘောင်းဘီအောက်နားတွေရေစိုပြီး ဖျားမှာလည်းကြောက်မိသည်။ထို့ကြောင့် သူကိုယ်တိုင်ပဲတစ်နေ့အဝတ်တစ်နေ့လျှော်ပြီးမှ အလုပ်ကိုသွားလေ့ရှိသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20