Ep_8

23K 2.7K 68
                                    

Unicode

ပြာမရှိတော့တဲ့ အိုးအလွတ်လေးကိုပိုက်ပြီး တိမ်စိုင်ငိုင်တိုင်တိုင်နဲ့အိမ်ပြန်လာတော့ လမ်းမှာအုပ်ချုပ်ရေးမှူးနှင့်တွေ့သည်။

"တိမ်စိုင် မကျူကျူသတင်းကြားရတာစိတ်မကောင်းဘူးကွာ စိတ်မညစ်နဲ့လို့လည်း ဦးလေးပြောလို့မရတော့ အားတင်းပြီးရှေ့ဆက်လျှောက်ဖို့ပဲပြောချင်တယ် သားအမေကကောင်းကင်ဘုံကနေ သူ့သားလေးကိုစောင့်ကြည့်ပေးနေမှာပါ"

"ကျေးဇူးတင်ပါတယ် ဦးလေး"

တိမ်စိုင်ယဲ့ယဲ့လေးပြုံးပြကာ ခြံထဲကိုဝင်လာခဲ့သည်။စကားဆက်ပြောနေရင် သူငိုမိလိမ့်မည်။အုပ်ချုပ်ရေးမှူးရှေ့မှာ မငိုချင်တာကြောင့် ဘယ်သူမှမရှိတဲ့အိမ်ကြီးထဲမှာ သူ့အမေထိုင်နေကြပက်လက်ကုလားထိုင်လေးဘေးငုတ်တုတ် ထိုင်‌ပြီးအသံမထွက်ဘဲငိုနေခဲ့သည်။

"အမေ ကောင်းကင်ပေါ်မှာ‌အဖေနဲ့တွေ့ရင် အမေတို့ပျော်ပျော်နေကြနော် သားလောကကိုအရှုံးပေးတဲ့လူမဖြစ်ချင်တာမို့ သားရအောင်ရှေ့ဆက်ပါမယ် အမေစိတ်အေးအေးနဲ့နေသွားလို့ရအောင် သားအကြွေးတွေအကုန်ကျေအောင်ဆပ်ပေးပါမယ် တစ်နေ့နေ့တစ်ချိန်ချိန်သားသေသွားခဲ့ရင် အမေတို့ဆီကိုအရောက်လာခဲ့မယ်နော်"

ပြာအိုးလေးကိုဘေးချပြီး ‌ဘုရားစင်နားကအဖေ့ပုံကိုရင်ခွင်ထဲပိုက်ကာ ရှိုက်သံညင်းညင်းလေးထွက်ပြီး ငိုနေသည်။ပျော့ညံ့တဲ့ယောက်ျားတစ်ယောက်မဖြစ်ချင်တာကြောင့် ယနေ့တစ်ရက်ပဲအဝငိုဖို့သူဆုံးဖြတ်ထားသည်။အမေတို့သူ့ကိုစိတ်ချရအောင် သူကောင်းကောင်းမွန်မွန်နဲ့အသက်ဆက်ရှင်ပေးရမည်။

______________

နောက်တစ်နေ့မနက်ကိုရောက်တော့ တိမ်စိုင်ကလေးတွေကြိုဖို့အတွက် ကိုတင်ကြီးတို့အိမ်ကိုရောက်လာခဲ့သည်။ဘိလပ်မြေသယ်တဲ့အလုပ်ကထုတ်ခံလိုက်ရတာကြောင့် သူလုပ်စရာအလုပ်ကကားမောင်းဖို့အပြင်မရှိ။တိမ်စိုင်လွယ်အိတ်ကြိုးကိုကိုင်ပြီးကိုတင်ကြီးတို့အိမ်ရှေ့မှာရပ်ကာ အော်ခေါ်လိုက်သည်။

"ကိုတင်ကြီးရေ ကိုတင်ကြီး ကျွန်တော်တိမ်စိုင်ပါဗျ ဒီနေ့ကလေးတွေပို့ရမှာလား"

တိမ်စိုင်ငယ်လိုWhere stories live. Discover now