Ep_38

13.9K 1.5K 134
                                    

Unicode

ဂျွန်နှင့်တိမ်စိုင်တို့ နှစ်ကိုယ်တူလက်တွဲပြီး ရုံးဝန်ထမ်းများ၏ ချီးကျူးအားပေးမှုကိုခံကာ ဂျွန်ရုံးခန်းတံခါးဆွဲဖွင့်လျက် သုံးယောက်အတူအခန်းထဲဝင်လာကြသည်။

"တိမ်စိုင်တို့လာတာလား ဝူဝူလည်းပါတာပဲ"

"ဟုတ်တယ် ကိုမင်းအိုင် အကိုဂျွန့်ကိုလာကြိုတာ"

လာကြိုတယ်လို့ပြောတော့ ကိုမင်းအိုင်စဉ်းစားခန်းဝင်သွားရသည်။ပုံမှန်ဆိုသူပဲနေ့တိုင်းပြန်ပို့ပေးရတာဆိုတော့ တိမ်စိုင်ကဂျွန့်ကိုလာကြိုရင် သူဘယ်လိုပြန်ရမလဲမသိဖြစ်နေသည်။

"ကိုမင်းအိုင် ဒီနေ့လိုက်မပို့နဲ့တော့"

ဂျွန် ကလေးကိုချီပြီး ဆိုဖာခံုပေါ်ထိုင်ချလိုက်သည်။တိမ်စိုင်လည်း ကိုမင်းအိုင်ရှေ့မှာထိုင်လိုက်သည်။

"ဒါဆို ကျွန်တော်ဘယ်လိုပြန်ရမှာလဲဆရာ"

"ရုံးကကားနဲ့ပြန်ပေါ့ ကားခပေးရတာလည်းမဟုတ်ဘဲနဲ့ အလကားစီးခိုင်းထားတဲ့ဟာကို"

ကိုမင်းအိုင် အဲ့ကားတွေနဲ့လိုက်သွားချင်စိတ်မရှိ‌ေပ။အစကတည်းက လူပျိုကြီးဓာတ်ကဝင်နေတာဆိုတော့ ရုံးကားစီးရင်ကောင်မလေးတွေကြားထဲမှာပဲထိုင်‌ရတာသူသဘောမကျပေ။သူ့ကိုစိတ်ဝင်စားနေတဲ့ကောင်မလေးတွေလည်းမဟုတ်ပါဘဲနှင့် အဲ့ရုံးကားစီးရမှာကိုသူမပျော်နိုင်ပေ။ဂျွန်နဲ့အမြဲတမ်းသွားလာနေတာဆိုတော့ ကိုမင်းအိုင် ဂျွန့်ကားကိုပဲတွယ်တာနေသည်။

"ဒီနေ့တစ်ရက်လေးစီးခိုင်းတာ‌ေလ ဘာလဲ ကိုမင်းအိုင်ကကျွန်တော့်ကိုမကျေနပ်ဘူးလား အလုပ်ထုတ်နေတာမှမဟုတ်တာ ကားလေးပဲမမောင်းခိုင်းတာလေ"

ဂျွန်ယခုလိုပြောနေတော့ ကိုမင်းအိုင် ဈာန်ဝင်စားစွာနှင့်ရံုးကားစီးဖို့ကိစ္စကို စဉ်းစားလိုက်သေးသည်။

"တစ်နေ့တစ်ရက်တည်းဆိုတော့လည်း မစီးချင်ပေမယ့်သည်းခံလိုက်ပါမယ် ဘတ်စ်ကားကျတော့လည်းမစီးချင်ဘူး"

"အဲ့လိုလုပ်စမ်းပါ ကိုမင်းအိုင်ရာ"

ဂျွန် စကားဆုံးတော့ ကိုမင်းအိုင်ကိုအရိပ်အခြေတွေပြပြီး မျက်ခုံးပင့်ပြသည်။မျက်လုံးကိုလည်း တံခါးဆီစောင်းကြည့်ပြီး အခန်းထဲကနေထွက်ခိုင်း‌ေနသည်။ကိုမင်းအိုင် ကွန်ပျူတာကိုင်ပြီး ဂျွန်အကောင်လိုက်ပြနေတာကို အရိပ်‌ေသး‌ေသး‌ေလး‌ေတာင် မမြင်‌ေပ။

တိမ်စိုင်ငယ်လိုWhere stories live. Discover now