Extra_2

12.1K 1.2K 198
                                    

Unicode

"ကိုမင်းအိုင်"

ဂျွန်မောင်းလာတဲ့ကား ဘုန်းကြီးကျောင်းဝန်းထဲရောက်တာနဲ့ တိမ်စိုင်ဝူဝူ့ကိုချီပြီး ကားပေါ်ကနေပြေးဆင်းသည်။

"တိမ်စိုင်...ဝူဝူ"

ကိုမင်းအိုင် ဘုန်းကြီးကျောင်းရဲ့အပေါက်ဝမှာ အထုပ်ကလေးပိုက်ပြီး ငုတ်တုတ်ထိုင်ကာ လာကြိုမည်ကိုစောင်‌့နေပုံမှာ တကယ်လည်းသနားစရာ။ဘေးလူတွေကြည့်ရင် သူ့ကိုအိမ်ပေါ်ကနှင်ချထားလို့ သွားစရာမရှိတဲ့ရုပ်မျိုးဖြစ်နေ‌ေလာက်သည်။ဘုန်းကြီးလူထွက်ဖြစ်မယ့်နေ့ကို ဂျွန်တို့မေ့နေသည်အထင်နှင့် ကိုမင်းအိုင် မနက်ကတည်းက ငူငူငိုင်ငိုင်ထိုင်ပြီးစောင့်နေရှာသည်။

"ဝူဝူ ဦးလေးကိုမလွမ်းဘူးလား"

တိမ်စိုင့်လက်ထဲကနေ ဝူဝူ့ကိုပြောင်းချီလိုက်ပြီး ဖောင်းဖောင်းကားကား ပါးလေးနှစ်ဖက်ကို တရွတ်ရွှတ်နဲ့မွှေးမွှေးပေးနေတဲ့ ကိုမင်းအိုင်။

"ယွမ်းတာပေါ့ ဦးဦးမရှိတော့ဝူဝူကပျင်းနေတာ"

ကိုမင်းအိုင် အိမ်မှာမရှိတော့ ဟာတာတာနဲ့ခြောက်ကပ်ကပ်ဖြစ်နေခဲ့သည်။မဟုတ်ရင် အိမ်မှာ‌တစ်‌ေယာက်နဲ့တစ်‌ေယာက် ကက်ကက်လန်‌ေအာင်ရန်တွေ့သံတွေနဲ့ ဆူညံနေကြမည်။

"မသိ‌ပါဘူး ဦးလေးက ဝူဝူ သတိမရတော့ဘူးထင်လို့"

"ဝူဝူကနေ့တိုင်း သတိရပါရယ်"

သုံးနှစ်သားရဲ့စကားတတ်မှုအောက်မှာ ကိုမင်းအိုင်လည်း မကျဆုံးဘဲကိုမနေနိုင်ပေ။ညှိုးနေတဲ့မျက်နှာကြီးကတော့ မီးသီးတစ်လုံးလို ဖလမ်းဖလမ်းထပြီး လင်းလက်လာသည်။ဘုန်းကြီးဝတ်ရတာပျော်ပေမယ့် လူထွက်ရင်လာကြိုမယ့်သူမရှိမှာကိုတွေးကြောက်နေတာမို့ အပြည့်အဝမပျော်နိုင်ခဲ့ပေ။

"ဦးဦးခေါင်းက ပြောင်နေတာပဲ"

ဝူဝူ ကိုမင်းအိုင်ရဲ့ ဆံပင်တစ်မွှေးမှမကျန်အောင် အပြောင်ရိတ်ထားတဲ့ခေါင်းကို လက်နှစ်ဖက်နဲ့ဂျုံနယ်သလိုပွတ်ပြီး ပျော်ရွှင်နေသည်။

"ပြောင်နေအောင်တုံးထားတာလေ မိုက်တယ်မလား"

တိမ်စိုင် ကိုမင်းအိုင်ရုပ်ကိုကြည့်နေတာ မတွေ့ရတဲ့အတောအတွင်းရုပ်ပြောင်းသွားသလိုတောင်ထင်မိသည်။‌ေန‌ေရာင်‌ေအာက်မှာ အဆီတဝင်းဝင်းထပြီး ပြောင်လက်နေတဲ့ ကိုမင်းအိုင်ရဲ့ခေါင်းက ပွဲလမ်းသဘင်တွေမှာထွန်းလေ့ရှိတဲ့ ဆလိုက်မီးတွေလို တလက်လက်ထနေသည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now