Unicode
ဂျွန်အိပ်ရာကထထိုင်တော့ ခေါင်းကချာလပတ်လည်နေသည်။ညတုန်းကအရက်သောက်တာများသွားတာကြောင့်ဖြစ်မည်လို့တော့ သူထင်မိသည်။
"ငါမနေ့ကဘာစားခဲ့သေးလဲမသိဘူး ပါးစပ်ထဲမှာငံကျိကျိနဲ့"
လျှာတစ်လစ်တစ်လစ်နဲ့ နှုတ်ခမ်းကိုလျက်ကြည့်နေသည်။သူစားခဲ့တာမှာအငံလည်းတစ်ခုမှမပါဘဲနဲ့ ငံနေတာကိုစိတ်ကအလိုမကျ။ပျားသကာလိုချိုမြတဲ့အရသာအစား ပင်လယ်ရေကိုခပ်သောက်ထားရသလုိ အငံဓာတ်ကကြီးစိုးနေသည်။ဓာတ်တိုင်ရဲ့အကျိုးကျေးဇူးတွေကို နိူးလာမှခံစားနေရတဲ့ဂျွန်။ညကဖြစ်ခဲ့တာတွေအကုန်မေ့နေပုံရသည်။
"ငါအိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲ အဲလက်စ်လိုက်ပို့တာထင်တယ်"
ကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်တော့အဝတ်တွေကလဲပြီးသားဖြစ်နေသည့်အပြင် ခုတင်ပေါ်ကိုလည်းသူရောက်နေသည်။အဲလက်စ်လိုက်မပို့ရင် သူ့ဘာသာသူလေးဘက်ထောက်ပြီးတက်လာတာတော့ဖြစ်နိုင်စရာအကြောင်းတစ်စက်ကလေးမှကိုမရှိ။ဂျွန်ရေချိုးခန်းထဲဝင်သွားတော့ သူဝတ်ထားခဲ့တဲ့အဝတ်တွေကိုရေစိမ်ထားတာတွေ့လိုက်ရသည်။
အဲလက်စ်ကသူ့ကိုဒီလိုမျိုးလုပ်ပေးမယ့်သူမဟုတ်တာဂျွန်သိသည်။သူ့ကိုဒီလိုမျိုးလုပ်ပေးနိုင်တာက တိမ်စိုင်တစ်ယောက်ပဲရှိမည်။ဂျွန့်ဦးနှောက်ထဲမှာ အဲလက်စ်နဲ့ပြောခဲ့တဲ့စကားတွေကလွဲလို့ ကျန်တာတွေအကုန်မျက်လှည့်ပြလိုက်သလိုပျောက်ကုန်သည်။ဂျွန်သွားတိုက်လို့ပြီးတော့ မနေ့ကသူဘယ်လိုရောက်လာတာလဲဆိုတာတိမ်စိုင့်ကိုမေးကြည့်ဖို့အတွက် အခန်းထဲကထွက်လာခဲ့လိုက်သည်။
"တိမ်စိုင်"
"ဟီးဟီး အကိုဂျွန်"
နှစ်ယောက်စလုံးအခန်းထဲကထွက်လာတာချင်းတူသွားတော့ တစ်ယောက်အခန်းရှေ့မှာတစ်ယောက်ဆုံကြသည်။တိမ်စိုင် ဂျွန့်မျက်နှာကိုမြင်တာနဲ့ညကပုံကိုသာတန်းမြင်ယောင်နေသည်။
"တိမ်စိုင် သားရော သားကိုလည်းမတွေ့ဘူး"
"မနေ့ကအကိုလွတ်လွတ်လပ်လပ်အိပ်လို့ရအောင်လို့ ကျွန်တော်ခေါ်သိပ်ထားတာ ကလေးကအိပ်တုန်းပဲရှိသေးတယ် ဟီးဟီး"

YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20