Ep_36

14.2K 1.6K 68
                                    

Unicode

"ကျွန်တော်အဖေနဲ့ပြောစရာစကားမရှိဘူး"

ဂျွန်ခရီးဆောင်အိတ်ကိုဆွဲပြီး အပေါက်ဝမှာရပ်နေတဲ့အဖေကိုကျော်ကာ အိမ်ထဲဝင်သွားသည်။

"ကို အဲ့လိုမလုပ်နဲ့လေ"

တိမ်စိုင်ဂျွန့်နောက်ကနေ လက်ကိုလှမ်းဖမ်းဖို့လုပ်တော့။

"သူ့ကိုဒီအတိုင်းလွှတ်ထားလိုက်"

ဂျွန့်အဖေ‌မတားခိုင်းတာကြောင့် တိမ်စိုင်ကလေးတစ်ဖက်နဲ့ထိုနေရာမှာတင် မတ်တတ်ရပ်နေမိသည်။

"ကလေးအိပ်နေတာလား"

ဂျွန့်အဖေလက်ပိုက်ကာ တိမ်စိုင့်ကိုမေးလာသည်။

"ဟုတ်ကဲ့ဗျ ဝူဝူလေးအိပ်ပျော်နေတယ်"

ဥပဒိရုပ်‌ခပ်ဖြောင့်ဖြောင့်နဲ့ ထိုအမျိုးသားက ဂျွန်အဖေလို့တောင်မထင်ရဘဲ တိမ်စိုင်ထင်ထားသည်ထက်အများကြီးပိုနုနေသည်။

"ဒါဆို မင်းလည်းအထဲဝင်တော့လေ ကလေးသွားသိပ်လိုက် အပြင်မှာအကြာကြီးရပ်နေရင် အအေးမိလိမ့်မယ်"

"ဟုတ်ကဲ့ခင်ဗျ ကျွန်တော်သွားလိုက်ပါအုံးမယ်"

တိမ်စိုင်ခေါင်းငုံ့ကာ ဂျွန့်အဖေတင်သာမက ဘေးမှာရပ်နေတဲ့ဒေါလေးကိုပါနှုတ်ဆက်ပြီးမှအိမ်ထဲဝင်လာခဲ့သည်။

အဖြစ်အပျက်အားလုံးကရုတ်တရက်ဆန်လှပေမယ့် ဂျွန့်အဖေပုံစံကတိမ်စိုင်ထင်ထားသလိုသိပ်တော့ကြောက်စရာမကောင်းပေ။သို့သော် နွေးထွေးမလိုလိုနှင့်အေးစက်သည်။

"ငါတို့လည်းအထဲဝင်ရအောင် ကလေးတွေဒီနေ့ခရီးပန်းလာတာဆိုတော့နားပါစေ"

ဒေါ်လေး ဂျွန့်အဖေလက်မောင်းကိုင်ကာ အိမ်ထဲသို့နှစ်ယောက်အတူဝင်လာခဲ့ကြသည်။‌ဂျွန့်အ‌ေဖ ‌ေဘာင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ကာ ထိပ်ရှူး‌ေနသည့်အနက်ရောင်ဖိနပ်အား တဒေါက်ဒေါက်မြည်အောင်လျှောက်ရင်း ဂျွန့်အခန်းရှိသည့်အပေါ်ထပ်မှန်ပြတင်းပေါက်ဆီကိုလည်း မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်သေးသည်။

_______________________

"ကို အဆင်ပြေရဲ့လား"

တိမ်စိုင်ကလေးကိုချီပြီး အခန်းထဲဝင်လာကာ ဝူဝူ့ကိုအရင်သိပ်လိုက်ပြီးကာမှ ခုတင်ခြေရင်းမှာထိုင်နေတဲ့ ဂျွန့်‌ေဘးနားထိုင်ချလိုက်သည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now