Special Ep_2

9.5K 997 207
                                    

Unicode

"ကိုအငယ်လေးဆုံးဖြတ်ပြီးသွားပြီလား"

မမျှော်လင့်ထားဘဲ ရုံးကိုအငယ်လေးရောက်ချလာတော့ ဂျွန်ဖတ်နေတဲ့စာရင်းစာရွက်တွေအောက်ချလိုက်ပြီး အငယ်လေးနဲ့စကားပြောနေသည်။

"ကျွန်တော် အလုပ်စမ်းလုပ်ကြည့်ချင်ပါတယ် နောက်အဆင်ပြေမှအတည်တကျခန့်ပါ"

အိတ်လည်းမပါ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရင်ဘတ်ကအကျီအိတ်ကပ်ထဲမှာဖုန်းတစ်လုံးညှပ်ပြီးရောက်လာပုံက သိပ်ပြီးရှုပ်တဲ့အရာတွေမကြိုက်ပုံရသည်။

"ကိစ္စတော့မရှိပါဘူး ဘယ်အချိန်ဝင်လုပ်လုပ် ကြိုဆိုပါတယ် ဒါပေမယ့် မကြာခင်ပိတ်ရက်ရောက်တော့မှာအဆင်ပြေပါ့မလား"

အငယ်လေးရောက်လာတဲ့အခါ စကားကိုချိုချိုသာသာပြောဖို့၊ကောင်းကောင်းဆက်ဆံဖို့ တိမ်စိုင်မှာထားတဲ့အတွက် ဂျွန်မရှည်ရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီး ဘုကလန့်စကားတွေကိုထိန်းကာ အချိုသာဆုံးပြောနေသည်။

"ရပါတယ် ဘယ်နှစ်ရက်ပဲလုပ်ရလုပ်ရ အတွေ့အကြုံရသွားတော့ဆက်လုပ်မလုပ် ဆုံးဖြတ်ဖို့အချိန်ရှိတာပေါ့"

လူကသာအကောင်သေးပေမယ့် အလုပ်နဲ့ပတ်သက်ရင်တော့ အငယ်လေးကဇွဲမလျော့တတ်တဲ့သူ၊စိတ်လည်းရှည်တဲ့အပြင် ဝူဝူလေးကိုလည်းကောင်းစွာထိန်းနိုင်သူဖြစ်သည်။

"ဟုတ်ပါတယ်လေ ခဏလေး"

ဂျွန်အငယ်လေးနဲ့ပြောနေရင်းကနေခဏရပ်လိုက်ပြီး ဘေးနားကခုံတွင်ရှိသည့် ရုံးဖုန်းခလုတ်ကိုနှိပ်ကာ။

"ကိုမင်းအိုင်..ဆိုင်နဲ့ပတ်သက်တဲ့စာရင်းတွေယူလာခဲ့ပေး"

ကိုမင်းအိုင်ကိုပြောတော့ လေသံကခုနကနဲ့ ပုစိလေးတောင်မတူ စစ်သားတစ်ယောက်ရဲ့အသံလို ခပ်ဩဩဖြစ်‌ေနကာ စကားကိုယတိပြတ်သာပြောသည်။

"ဟုတ်ကဲ့ဆရာကျွန်တော်ယူလာခဲ့ပေးပါမယ်"

"မြန်မြန်လာ" ဆိုကာ ဖုန်းကိုဂွပ်ကနဲချလိုက်သည်ကို အငယ်လေး မျက်တောင်တဖျပ်ဖျပ်ခတ်ကာထိုင်ကြည့်နေသည်။

"ခဏနေစာရင်းတွေရောက်လာရင် တစ်ချက်ကြည့်ကြည့်ပါ လောလောဆယ်လိုနေတဲ့လူက ဒီရုံးမှာမဟုတ်ဘဲတစ်ခြားရုံးခွဲမှာမို့ အဲ့ဘက်ကအကြောင်းတွေသိထားဖို့လိုပါတယ်"

တိမ်စိုင်ငယ်လိုWhere stories live. Discover now