Ep_31

17.1K 1.9K 130
                                    

Unicode

"ဂျွန် ဘယ်လိုဖြစ်ပြီးအိမ်ထဲဝင်လာတာလဲ ဘာကျန်ခဲ့လို့လဲ"

ဂျွန်တို့သုံးယောက်ခြံထဲကိုဝင်လာကြတော့ လသာဆောင်မှာထိုင်နေတဲ့အန်တီခင်တို့တစ်တွေ အံ့အားသင့်သွားကြသည်။

"ပစ္စည်းမဟုတ်ဘူးအန်တီခင် လူကျန်ခဲ့တာ"

"ဟေ ဘယ်သူကျန်တာလဲ"

"ဝူဝူနဲ့တိမ်စိုင်ကျန်ခဲ့လို့ပြန်လာခေါ်တာ ကျွန်တော်ပြင်ဦးလွင်ကိုသားတို့နှစ်ယောက်မပါဘဲနဲ့မသွားနိုင်တော့လို့"

"ထူးထူးဆန်းဆန်းပါလား အေးအေး သွားမယ်ဆိုလည်းမြန်မြန်အဝတ်ထည့်ကြလေ ရှစ်နာရီခွဲနေပြီ"

ဂျွန်အပျော်လွန်ပြီးအပေါ်ထပ်ကိုခုန်ပေါက်တက်သွားကာ အခန်းထဲကဝူဝူ့အဝတ်သေ‌းသေး လေးတွေကိုအိတ်အသေးတစ်လုံးနဲ့ကောက်ထည့်သည်။‌ဆောင်းရာသီဝင်ကာစအချိန်ဆိုတော့ သေချာပေါက်ပြင်ဦးလွင်မှာအေးနေတော့မည်။ဒါကြောင့် ဂျွန်ကလေးအအေးမမိစေဖို့ အနွေးထည်အထူတွေ၊ဘောင်းဘီအရှည်တွေထည့်ပြီးအိတ်ဆွဲကာ တိမ်စိုင့်အခန်းထဲဝင်လာသည်။

"တိမ်စိုင် အထုပ်ပြင်ပြီးပြီလား"

တိမ်စိုင်ဗီဒိုရှေ့မှာ အဝတ်ထည့်ရင်းအလုပ်ရှုပ်နေသည်ကို ဝူဝူဘေးမှာငုတ်တုတ်ထိုင်ပြီးကြည့်နေသည်။

"ကျွန်တော့်မှာအနွေးထည်တစ်ထည်မှမရှိဘူးအကို ဘယ်လိုလုပ်မလဲ ခုညဘက်တောင်အေးနေပြီ"

"မပူပါနဲ့ကိုယ့်အနွေးထည်တွေဝတ်လို့ရတယ် မင်းကလူပဲလိုက်ခဲ့ရုံပဲ ခုထည့်ပြီးပြီမလားကိုယ်သယ်သွားတော့မယ် သားနဲ့အတူဆင်းလာခဲ့နော်"

တိမ်စိုင့်အိတ်ကိုဇစ်ပိတ်ပြီးဂျွန်သူ့သဘောနဲ့သူသယ်သွားသည်။တိမ်စိုင် ဝူဝူ့ကိုကောက်ချီလိုက်ကာ။

"ဝူဝူ ဖေဖေနဲ့ပြင်ဦးလွင်လိုက်သွားဖို့အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်တဲ့ ဖေဖေနဲ့တွားရတော့မယ် ယေး"

"ကိုကိုတို့လည်းသွားကြရအောင် အဲ..ယူစရာကျန်သေးတယ်"

တိမ်စိုင် ဗီဒိုတံခါးပိတ်လိုက်ပြီး ခုတင်ပေါ်မှာခေါက်တင်ထားတဲ့ ဂွမ်းကပ်စောင်အထူကိုဆွဲယူလိုက်ပြီးကာမှ အန်တီခင်တို့ရှိရာခြံထဲသို့ပြန်ဆင်းလာခဲ့သည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now