Special Ep_6

6.6K 810 90
                                    

Unicode

အငယ်လေး ကိုမင်းအိုင်ရဲ့ရင်ခွင်ထဲမှာ ခေါင်းကလေးမော့လို့။သူ ကိုမင်းအိုင်ကိုကြည့်ရင်းကြည့်ရင်းနဲ့ ရယ်ချင်စိတ်တွေတဖွားဖွားပေါ်ပေါက်လာပြီး နှုတ်ခမ်းနှစ်ခုကိုမရမက စေ့ကာပိတ်ထားရတာကြောင့် ပါးနှစ်ဖက်‌စလုံးလေတွေနှင့်ဖောင်းတက်လာသည်။

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ဘာမှမဟုတ်ပါဘူး"

ဘာလို့ရယ်ချင်နေရသလဲဆိုတော့ ကိုမင်းအိုင်ဝတ်ထားတာကရွဲ့စောင်းနေတဲ့ ငါးဆယ်ဖိုးနိုင်သလောက်သယ်ဆိုင်ကအကျီဒီဇိုင်းလိုမျိုးနဲ့ ဘောင်းဘီပြောင်းပြန်။ခုနကပြောင်းပြန်ပေမယ့် ခုတော့အတည့်။ဒါပေမယ့် ပိုပြီးရယ်ချင်အောင်မြင်လိုက်ရတဲ့အရာက ရှိသမျှမီးချောင်းတွေရဲ့အလင်းရောင်တွေ တစ်စုတစ်ဝေးထဲရောက်ရှိနေတဲ့ ဆံပင်တစ်မွှေးမှမရှိသည့်ခေါင်းပြောင်ကြီး။

ပုံမှန်ဆိုခေါင်းပေါ်ဆံပင်ရှိနေရင် ရယ်ချင်လာမိမှာမဟုတ်ပေမယ့် ရွှေမှုန်၊ငွေမှုန်တွေဖြူးထားသလို၊ အကယ်ဒမီပေးပွဲမှာမင်းသား၊မင်းသမီးတွေရောက်လာတာကြောင့် တဖျပ်ဖျပ်ဖြစ်နေသည့် ကင်မရာမီးကပြန်လာသည့်အလင်းတွေလို အငယ်လေးမျက်လုံးထဲမှာသူ့ခေါင်းချည်းပဲ ကွက်လင်းနေသည်။

"ခုနကကျွန်တော့်ကိုကြည့်ရတာမသက်မသာဖြစ်သွားတယ်မလား"

သူကရယ်ချင်နေပေမယ့် ကိုမင်းအိုင်ကသနားစရာကောင်းနေတာကြောင့် ရယ်ချင်နေတဲ့စိတ်ကိုမြိုချပြီး ကိုမင်းအိုင်စကားကိုဖြေဖို့လုပ်သည်။

"နည်းနည်းပေါ့ ဒါနဲ့အဝတ်မလဲတော့ဘူးလား ရုံးကိုဒီလိုပဲလာနေကျလား"

တစ်ယောက်နှင့်တစ်ယောက် လက်တစ်ကမ်းအကွာကနေ ခွာနေလိုက်ကြသည်။

"အဝတ်လဲမှာပါ တစ်ခါတလေတော့ဒီလိုမျိုးလာ‌တယ် အိမ်ကအဝတ်တွေမခြောက်သေးရင်ပေါ့"

"အဝတ်ကဘာလို့မခြောက်တာလဲ"

"ကျွန်တော်ကတစ်ယောက်တည်းနေတာလေ"

"အဲ့တာနဲ့ဆိုင်လို့လား"

အငယ်လေးလည်းတစ်ယောက်တည်းနေရသည့်သူမို့ ကိုမင်းအိုင်ကိုထပ်မေးသည်။အဝတ်လျှော်တာနဲ့တစ်ယောက်တည်းနေတာ ဘယ်အရာကများသက်ဆိုင်နေရသလဲ။

တိမ်စိုင်ငယ်လိုWhere stories live. Discover now