Ep_9

22.7K 2.6K 41
                                    

Unicode

သွက်လက်မှုမရှိတဲ့တိမ်စိုင်ရဲ့ခြေလှမ်းတွေက စောင့်ကြိုသူကင်းမဲ့တဲ့အိမ်ဆီကိုတွန့်ဆုတ်ဆုတ်နဲ့လာနေသည်။ခပ်ငိုက်ငိုက်စောင်းထားတဲ့လျှာထိုးဦးထုပ်ရဲ့အောက်မှာ မတည်ငြိမ်တဲ့မျက်ဝန်းအိမ်တွေက ပြိုကျတော့မည့်တိမ်များနှင့်တူသည်။

ပွန်းပဲ့နေတဲ့ဒဏ်ချက်တွေ၊ ပန်းသီးတစ်လုံးလိုနီရဲပြီး မို့မောက်နေတဲ့မျက်ဝန်းပတ်လည်ကဒဏ်ရာတွေက အမေဆိုတဲ့နာမ်စားတစ်လုံးလောက်တော့ နာကျင်မည်မထင်ပေ။နွေးထွေးမှုမရှိဘဲ အေးစက်စက်တိုက်ခတ်လာတဲ့လေပြေတွေက အထီးကျန်နေတဲ့လူကိုလာကျီစယ်နေသလို‌ေပ။

နေရောင်မပွင့်တဲ့ကောင်းကင်ပြင်ကြောင့် အရိပ်မထင်တဲ့ခန္ဓာကိုယ်တစ်ခုဟာ ရှင်နေလျက်နဲ့အသက်မဲ့နေသလိုထင်ရသည်။‌ေခြာက်ကပ်‌ေနသည့် ကတ္တရာလမ်းပေါ်မှာ ဗလာကျင်းနေတဲ့ရင်ဘတ်နဲ့လူ။ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်လို့ပဲလား။ဒါမှမဟုတ် ပျော်ရွှင်မှုနဲ့မထိုက်တန်လို့ပဲလား။ဘယ်သူမှမရှိတဲ့ကျွန်းပေါ်မှာတစ်ယောက်တည်းနေနေရတဲ့လူလို အပြုံးတွေကလည်းအသက်မဲ့နေခဲ့သည်။

မြေပြင်ကိုသာခေါင်းငိုက်စိုက်ကျရင်းခြံပေါက်ဝသို့အရောက်။

"တိမ်စိုင် မောင်လေးပြန်လာပြီလား"

ရတီနဲ့ညိုစင် တိမ်စိုင့်အိမ်နားမှာစောင့်နေကြပြီး ခေါ်လိုက်တဲ့အသံ တိမ်စိုင်အတင်းရှောင်လွှဲလို့မရတော့ တည့်တည့့်တိုးခဲ့ပြီ။မျက်နှာကိုမြင်မှာစိုးတဲ့အတွက် ဦးထုပ်ကိုနဂိုထက်ပိုငိုက်လိုက်သည်။

"ဟုတ်ကဲ့ဗျ ဘာပြောစရာရှိလို့လဲ မရတီ"

"တိမ်စိုင် ဘာလို့ခေါင်းငုံ့နေတာလဲ"

ပြောရင်းဆိုရင်းနဲ့ တိမ်စိုင့်‌ဦးထုပ်အောက်ကိုချောင်းကြည့်လိုက်သည့်ရတီ။ တိမ်စိုင့်မျက်နှာကညိုမည်းနေတဲ့အကွက်တွေကိုမြင်တော့ သူတို့လည်းထိပ်လန့်သွားကြသည်။တစ်နေ‌ရာရာမှာများ ရန်ဖြစ်ခဲ့တာသလားဟုထင်‌ေနကြသည်။

"ဒါတွေကဘာတွေလဲ မောင‌်လေးကိုဘယ်သူလုပ်လိုက်တာလဲ"

တိမ်စိုင်မျက်နှာကိုမပြ ဦးထုပ်ကိုသာမြဲမြဲကိုင်ထားရင်း ညိုစင်တို့စကားကို လိုက်လျောညီစွာပြန်ဖြေလိုက်သည်။

တိမ်စိုင်ငယ်လိုTahanan ng mga kuwento. Tumuklas ngayon