Unicode
"ဆရာဘာတွေဒေါသထွက်နေလဲမသိဘူး ပြောလို့တောင်မပြီးသေးသူကဖုန်းချသွားပြီ"
ကိုမင်းအိုင်ဖုန်းကိုငုံ့ကြည့်ပြီး ပွစိပွစိပြောနေသည့်အချိန် အငယ်လေးဖိုင်တစ်ခုပိုက်ကာ သူ့ဆီကိုတည့်တည့်လျှောက်လာသည်။
"ဘာဖြစ်လို့လဲ ကိုမင်းအိုင်"
အငယ်လေးကိုတွေ့တော့ ကိုမင်းအိုင်ဖုန်းကိုအိတ်ကပ်ထဲထည့်လိုက်သည်။ရုံးကိုလာတုန်းကလို လျော့တိလျော့ရဲတီရှပ်နဲ့မဟုတ်တော့ဘဲ လဲပြီးသားခပ်ကောင်းကောင်းအဝတ်နှင့်ပင်။
"ဘာမှမဟုတ်ပါဘူး ဆရာနဲ့ဖုန်းပြောနေတာ"
"ဒီဖိုင်ကိုတာဝန်ခံက ကိုမင်းအိုင်ဆီပေးခိုင်းလိုက်တယ်"
ကိုမင်းအိုင်ကိုဖိုင်ပေးပြီးတော့ အငယ်လေးခဏရပ်စောင့်နေသည်။
"ဒါနဲ့ အငယ်လေးအခုအားလား"
"အားပါတယ် ဘာဖြစ်လို့မေးတာလဲ"
ကိုမင်းအိုင်ထိုင်ခုံပေါ်မှာထိုင်နေသည့်အမြင့်က အငယ်လေးမတ်တတ်ရပ်နေသည့်အရပ်နှင့်တစ်ညီတည်းပေ။
"ဆရာကအိမ်ကိုလာခိုင်းနေလို့ အဲ့တာအငယ်လေးပါခေါ်ခဲ့တဲ့"
"ကျွန်တော့်ကို...ဘာကိစ္စနဲ့လဲ"
မုသာဝါဒကံကိုယခုအခါတော့ မျက်စိစုံမှိတ်ပြီးကျူးလွန်ပစ်လိုက်ပါသည်။အလာတုန်းကတစ်ယောက်တည်းကားစီးလာရတော့ အပြန်တစ်ယောက်ယောက်ပါစေချင်သည်။ပါစေချင်သည့်သူကလည်း ထိုပုစိကလေးပင်။
"မသိဘူး...တစ်ခုခုပြောစရာရှိလို့နေမှာပေါ့"
အငယ်လေးတွေးကြည့်သည်။ဂျွန်နဲ့သူက ပြီးခဲ့တဲ့တစ်ခေါက်ကတည်းကပြောစရာရှိတာအကုန်ပြောပြီးကြပြီးပြီဆိုတော့ ကျန်တာတွေပြောဖို့မလိုအပ်ေလာက်တော့ဘူးဟုထင်သည်။သို့ပေမယ့် ကိုမင်းအိုင်ပြောတာဆိုတော့ လိမ်တာလည်းဖြစ်မှမဖြစ်နိုင်ဘဲ။အကြောင်းကိစ္စတစ်ခုခုရှိပုံရမည်ဟုသာမှတ်ရင်း။
"ရတယ်လေ ကျွန်တော်လိုက်ခဲ့ပါမယ်"
"ဒါဆိုခဏစောင့်နေနော် ဆရာယူခိုင်းလိုက်တာတွေယူပြီးရင် ကျွန်တော်တို့အတူတူသွားကြမယ်"
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20