Ep_27

19.2K 2.1K 102
                                    

Unicode

"လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကစပြီး အချိုးပြောင်းလာတဲ့ကိုယ့်ရင်ခုန်သံတွေကိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"

တိမ်စိုင့်လက်တစ်စံုကို ဂျွန်ဆုပ်ကိုင်ပြီး လက်ဖမိုးထက်သို့ဖွဖွကလေး နှုတ်ခမ်းဖျားနှင့်အရာတစ်ခုထင်‌‌ေအာင်ချန်ထားပေးလိုက်သည်။နှစ်နဲ့ချီပြီးဘိလပ်‌ေမြ‌ေတွထိထားရတဲ့လက်ဖြစ်‌ေနတာ‌ေကြာင့် သာမာန်လူတွေလိုတော့ တိမ်စိုင့်လက်ဖဝါးပြင်ကနူးညံ့မနေပေ။

ဂျွန်စိတ်မကောင်းဖြစ်မိသည်။ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ယောက်တည်းငွေရှာခဲ့ရတာ ဘယ်လောက်ပင်ပန်းမလဲဆိုတာဂျွန်တွေးကြည့်နေစရာပင်မလိုအပ်။အဖုအထစ်တို့ဖြင့် ချောမွေ့ခြင်းမရှိသောလက်ဖဝါးပြင်က သိသာမြင်သာအောင်ဖော်ပြနေခြင်းကြောင့်ဖြစ်သည်။

"ကျွန်တော်လည်းအဲ့အချိန်ကတည်းကအကုိ့ကိုမေတ္တာမျှနေခဲ့တာပါ"

ဂျွန် တိမ်စိုင့်ပါးပြင်မို့မို့လေးအား လက်ဖြင့်အုပ်ကိုင်လိုက်သည်။

"ကိုယ့်ကိုရွေးချယ်လိုက်တဲ့အတွက် မင်းနောင်တမရစေပါဘူး မင်းတစ်ဘဝတစ်လျှောက်လုံးသက်တောင့်သက်သာနဲ့နေရအောင် ကိုယ်ထားပေးမှာပါ"

"ကျွန်တော်ပျော်ရွှင်ဖို့ငွေကြေးဥစ္စာတွေမလိုအပ်ပါဘူးဗျာ အကိုနဲ့ဝူဝူလေးရှိရင်ပဲကျွန်တော့်အတွက်ကလုံလောက်ပါပြီ"

"တိမ်စိုင်ရယ်..."

ပင်လယ်ပြင်လိုကျယ်ပြန့်တဲ့နှလုံးသားပိုင်ရှင်လေးတိမ်စိုင်ရဲ့ပြောစကားတွေကြောင့် ဂျွန်‌သဘောပေါက်လာတာတစ်ခုက ဒီကောင်လေးကိုသူတတ်နိုင်တာထက်ပိုပြီးပျော်ရွှင်အောင်ထားပေးဖို့၊ချစ်ပေးဖို့ပေ။

ရပ်တန့်နေသောနာရီလက်တံတို့တစ်ဖန်လည်ပတ်လာသလို ပျက်စီးသွားတဲ့ချားရဟတ်ရဲ့စက်အခြေအနေဟာလည်း ကောင်းမွန်လာပြီးပြန်လည်ရွေ့လျားလာခဲ့သည်။တိမ်စိုင်နဲ့ဂျွန် တစ်ယောက်လက်တစ်ယောက်တွဲကာ ရဟတ်ပေါ်ကဆင်းခဲ့ကြသည်။လက်တွေချွေး‌ထွက်နေတာတောင် ဂျွန်တွဲထားတဲ့လက်ကိုလံုးဝမဖြုတ်‌ေပးပေ။

တိမ်စိုင်ငယ်လိုWhere stories live. Discover now