Unicode
မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ပစ္စည်းပစ္စယတွေဝယ်ကြ၊ခြမ်းကြရင်းနှင့် အကုန်လုံးလည်းဖက်ဖက်မောကာပင်ပန်းသွားကြေသာ်လည်း မင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်ေနကြရသည်။
"ဖြူသွယ် စားပွဲတွေအဝတ်စုတ်နဲ့သုတ်ထားပါအုံး"
"ဟုတ်ကဲ့ဒေါ်လေး"
အိမ်ရှေ့ဧည့်ခန်းထဲမှာဘေးကပ်ပြီး အပြားလိုက်ထောင်ထားတဲ့ ခေါက်စားပွဲတွေကိုသန့်ရှင်းရေးလုပ်ဖို့အတွက် ဒေါ်လေးဖြူသွယ့်ကိုခိုင်းနေသည်။
"ဦးလေးထိုင်မနေနဲ့ သမီးကိုလာကူပေးအုံး"
ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ထိုင်ချေနရုံပဲရှိသေးသည့် ကိုမင်းအိုင်ရဲ့ေပါင်ကိုဖြူသွယ်ဖြန်းကနဲရိုက်လိုက်ပြီး လာကူခိုင်းသည်။
"ပါးစပ်နဲ့ပြောလည်းလုပ်ပေးပါတယ် ဘာဖြစ်လို့လက်ကပါရတာလဲ"
စင်ကြယ်စွပ်ကျယ်နဲ့ ကိုမင်းအိုင်တစ်ယောက် ဘောင်းဘီခွတိုကိုဆွဲတင်ပြီး ဆိုဖာပေါ်ကထလိုက်သည်။
"မသိဘူး ခုံချပေး"
"တိုက်ပေါ်ကလား"
"တိုက်ပေါ်ကခုန်ချချင်လည်းနောက်မှခုန် အခုဒီစားပွဲကိုအရင်လာချပေး"
ဖြူသွယ့်အသံတဖြည်းဖြည်းကျယ်လာတာမို့ ကိုမင်းအိုင်နားစည်အကွဲမခံနိုင်သဖြင့် စားပွဲဝိုင်းကိုသယ်ကာအောက်တွင်ချထားပေးလိုက်သည်။
"ရပြီမလား ရရင်ငါပြန်ထိုင်ပြီ"
"ထိုင် ထိုင်"
ဖြူသွယ် ရေစွတ်ထားသည့်အဝတ်စုတ်တစ်ခုနှင့် စားပွဲကိုအပေါ်ကဖိဆွဲလိုက်၊အောက်ကနေပင့်တင်ပြီးပြန်သုတ်လိုက်နဲ့လုပ်နေသည်။ကိုမင်းအိုင်ကတော့ ထိုင်ချင်စိတ်တွေတစ်လုံးတစ်ဝရှိနေတာကြောင့် သူကူပေးပြီးသည်နှင့် ဆိုဖာပေါ်ပြန်ထိုင်ချလိုက်သည်။
"မင်းအိုင် မင်းအိုင်ရေ အားလား"
"ခင်ဗျာ အန်တီခင် လာပြီ"
ထိုင်ချင်ပါတယ်ဆိုမှ တစ်ယောက်ပြီးတစ်ယောက်ခိုင်းနေကြတော့ စိတ်ကသိပ်မကြည်ချင်တော့ပေ။မထလို့ကလည်းမဖြစ်ဆိုတော့ အောင့်သက်သက်နဲ့ပဲ အန်တီခင်ခေါ်ရာနောက်ဖေးဆီဝင်လာခဲ့ရသည်။
![](https://img.wattpad.com/cover/239117263-288-k4249.jpg)
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20