Unicode
"ဟိုကောင်မလေး ဒီကိုခဏလာ"
ပထမဆုံးဖွင့်ခဲ့သည့် စားသောက်ဆိုင်ကိုဂျွန်ဒီနေ့စစ်ဆေးဖို့ ဆိုင်ထဲကိုဝင်လာရင်း ထောင့်မှာရပ်နေသည့်ကောင်မလေးကို ညာဘက်လက်၏လက်ညှိုးနှင့်လက်ခလယ်နှစ်ချောင်းပူးကာ လက်ယပ်ခေါ်လိုက်တော့ ဂျွန့်ဆီကိုပြေးလာသည်။
"ဟုတ်ကဲ့သူဌေး ဘာကိစ္စရှိလို့ပါလဲ"
ဝိတ်တာမလေး ကိုယ်ကိုယို့ကာ ဂျွန့်ကိုအရိုအသေပေးသည်။
"မင်းတို့ကိုဘယ်သူစကပ်ဝတ်ခိုင်းလို့ဝတ်ထားတာလဲ ငါထုတ်ထားတဲ့စည်းကမ်းတွေလိုက်နာရမှာ မင်းတို့မသိကြဘူးလား"
"ရှင်..ရှင် အဲ့လိုမဟုတ်ပါဘူးသူဌေး ကို..ကိုနေသူကဝတ်လို့ရတယ်လို့ပြောလို့ပါ"
ဒူးပေါ်နေသည့်စကပ်ကို အောက်သို့ဆွဲချရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောသည်။ဂျွန် ဝိတ်တာမေလးကို ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောဘဲ မျက်ခုံးနှစ်ဖက်မှာ တွန့်ကာအပေါ်သို့မြင့်တက်လာခဲ့သည်။
"ကိုမင်းအိုင် ကျွန်တော့်ကိုနားေနခန်းထဲလိုက်ပို့ပေး ပြီးရင်နေသူ့ကိုကျွန်တော့်ဆီခေါ်လာခဲ့"
"ဟုတ်..ဟုတ်ကဲ့ဆရာ"
ကိုမင်းအိုင် ဂျွန်ထိုင်နေတဲ့ဝီးချဲကိုတွန်းပြီး ဂျွန့်ကိုနားနေခန်းထဲမှာထားခဲ့ကာ နေသူ့ကိုသွားခေါ်လာခဲ့သည်။နေသူအခန်းထဲဝင်လာပြီး တံခါးပြန်ပိတ်ကာ ဂျွန့်ရှေ့တွင်မတ်တပ်ရပ်လိုက်သည်။
"နေသူ မင်းအလုပ်ကနေထွက်လို့ရပြီ"
နေသူဆိုသောလူထံသို့ ဂျွန်တစ်သောင်းတန်အပြည့်ထည့်ထားသောစာအိတ်တစ်ခုကိုပစ်ကာပေးလိုက်သည်။ထိုသူကတော့စာအိတ်ကိုမထိသေး။
"သူဌေးကဘာလို့ကျွန်တော့်ကိုဒီငွေထုပ်ပစ်ပေးပြီးအလုပ်ထွက်ခိုင်းရတာလဲ"
ဂျွန်တင်းကြပ်စွာဆုပ်ထားေသာ လက်သီးဖြင့် ဝီးချဲလက်ရန်းကို ဒုန်းကနဲမြည်အောင်ထုရင်း။
"စားသောက်ဆိုင်တစ်ဆိုင်တည်ထောင်ဖို့ဆိုတာလွယ်ကူတယ်လို့မင်းထင်လား ငါဒီဆိုင်တွေဖွင့်ဖို့အတွက် ငါ့ရဲ့အချိန်တွေအများကြီးရင်းနှီးထားခဲ့ရတာ မင်းကငါ့ရဲ့စည်းကမ်းချက်တွေကိုအလွဲသုံးစားလုပ်နေရင် ငါ့ဆိုင်နာမည်ပျက်တယ်ဆိုတာမင်းနားမလည်ဘူးလား"
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20