Ep_24

19.8K 2.4K 356
                                    

Unicode

ဓာတ်လှေကားရဲ့ရှေ့မှာ ရုံးဝန်ထမ်းတွေနဲ့အပြည့်ဖြစ်နေသည်။ဓာတ်လှေကားရဲ့တံခါးချပ်ကို ဂျွန်လက်နှစ်ဖက်နဲ့ထိထားပြီး မျက်ဝန်းတွေနီရဲနေသည်။သူ့ရင်ထဲမှာပူလောင်နေသည်။ပူသည်ဆိုတာထက်ကို ပိုပြီးပူလောင်နေသည်။ငရဲကျရင်တောင် ဒီလောက်ပူမည်မဟုတ်။တံခါးကိုတဒုန်းဒုန်းထုကာ ဂျွန်ဓာတ်လှေကားရှေ့တွင် ကြိုးပြတ်နေတဲ့အရုပ်တစ်ရုပ်လိုဖြစ်နေသည်မှာ အားအင်ချည့်နဲ့နေပုံရသည်။

"အကို ရုံးမှာဘာဖြစ်လို့လဲ"

ဝန်ထမ်းတွေအကုန်လုံးရဲ့အာရုံမှာလူအုပ်ကြားထဲက ကောင်လေးဆီကိုရောက်သွားကြသည်။

"သားနဲ့တိမ်စိုင် ဓာတ်လှေကားထဲမှာပိတ်မိနေတယ်"

ဂျွန်ခေါင်းငိုက်စိုက်ကျပြီး မေးလာသည်ကိုပြန်ဖြေသည်။

"မဟုတ်သေးဘူးလေ ကျွန်တော်နဲ့ဝူဝူကအကို့ရှေ့မှာလေ အကိုဘာတွေပြောနေတာလဲ"

"ဝူဝူနဲ့တိမ်စိုင်က ဓာတ်လှေကား!"

ဂျွန်ဒေါသတကြီးနဲ့အော်ထည့်လိုက်ပြီးမှ ခေါင်းမော့လာကာ ခေါင်းစည်းကြိုးတစ်ချောင်းပြတ်ထွက်သလို စကားစတိကနဲပြတ်သွားသည်။

"သေချာကြည့်ပါအုံး ကျွန်တော်နဲ့ဝူဝူကဒီမှာလေ"

"သားလေး...တိမ်စိုင်!"

ဂျွန်ငေါက်ကနဲထိုင်နေရာကနေထလိုက်ကာ ကလေးချီထားတဲ့တိမ်စိုင့်ကိုပြေးဖက်သည်။ဝန်ထမ်းတွေရေခဲရိုက်ခံလိုက်ရသလို တောင့်တောင့်ကြီးဖြစ်ပြီး ဂျွန်တို့သုံးယောက်ကိုဝိုင်းကြည့်နေကြသည်။

"ဖြည်းဖြည်းဖက်ပါအကိုရဲ့ ကလေးပိနေပြီ ဘာဖြစ်လို့လဲ လူတွေအများကြီးပဲ"

ဂျွန် ဝန်ထမ်းတွေကိုလည်းရှက်မနေနိုင်တော့။တိမ်စိုင့်ရဲ့မျက်နှာနဲ့ဝူဝူ့ရဲ့မျက်နှာကို ဂျွန်တစ်လှည့်စီလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ဘာမှမဖြစ်ကြမှန်းသိမှ ရင်ထဲကအပူမီးတွေငြိမ်းသွားသည်။

"မင်းတို့ဓာတ်လှေကားစီးလာကြတာမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီးဒီကိုရောက်လာကြတာလဲ"

တိမ်စိုင်ငယ်လိုWhere stories live. Discover now