Ep_33

14.6K 1.7K 114
                                    

Unicode

လွန်ခဲ့သောသုံးနှစ်ခန့်က...

"ဆရာ ဒီနေ့မိုးရွာတော့မယ်ထင်တယ် အိမ်ကိုမြန်မြန်မောင်းလိုက်ရမလား"

"ပုံမှန်အတိုင်းပဲမောင်း အချိန်တန်ရင်အိမ်ရောက်မှာပဲ"

ဂျွန် ကားနောက်ခန်းတွင်ထိုင်ကာ စားသောက်ဆိုင်ရောင်းအားစာရင်းတွေကြည့်ရင်း အရှေ့ခန်းက ကိုမင်းအိုင်မေးလာသည်ကိုဖြေလိုက်သည်။

"ဒါဆိုမောင်းပြီနော်ဆရာ"

ဂျွန် ခေါင်းညိတ်ပြလိုက်တော့ ကိုမင်းအိုင်ကားစက်နှိုးကာမောင်းလာခဲ့သည်။ထို‌ေန့တွင် မည်းနက်နေ‌ေသာတိမ်တိုက်များမှာ အပြာရောင်မိုးကောင်းကင်၏အပေါ်တွင်ပိုင်စိုးကာနေရာယူထားခဲ့သည်။လေတွေတ‌ဝှီးဝှီးတိုက်ပြီး သစ်ရွက်ခြောက်တွေလမ်းပေါ်လွင့်နေခဲ့သည်။

ကားမှန်ထက်သို့ရိုက်ခတ်လာသည့် သဲတရှပ်ရှပ်နှင့်လေထုမှာ  အစင်းရာပင်ထင်လောက်သည်အထိ ပြင်းထန်နေခဲ့သည်။မကြာမီမှာပင် မိုးစက်မှုန်များရွာသွန်းချလာတော့သည်။မိုးနတ်မင်းကြီး စိတ်ဆိုးနေတာကြောင့်များ ယခုလိုအငြိုးအတေးနှင့်ရွာနေသလား ထင်မှတ်ခဲ့ရသည်။

ကားမှန်ထက်တွင် မိုးစက်ပွင့်များ တွဲလဲခိုနေကြသည်။မီးပွိုင့်တစ်ခုပြီးတစ်ခုကျော်လွန်ကာ အိမ်ပြန်လမ်းဆီသို့သတိထားမောင်းလာခဲ့ရသည်။

"ဆရာ ဟို..ဟို တံတား‌ေဘာင်ပေါ်မှာအမျိုးသမီးတစ်ယောက်မလား"

တံတားပေါ်ဖြတ်မောင်းလာရင်း ကိုမင်းအိုင် စကား တထစ်ထစ်နဲ့ပြောလာတော့ ဂျွန်ဘေးကတံခါးမှန်ကိုလက်နဲ့ပွတ်ပြီး ကိုမင်းအိုင်ပြောနေတဲ့တံတားဘောင်ကို လှမ်းကြည့်လိုက်သည်။ဒူးလောက်ရှိတဲ့ဂါဝန်တလွင့်လွင့်နဲ့ တံတားဘောင်ပေါ်မှာ မကြောက်မလန့်ရပ်နေတဲ့အမျိုးသမီးငယ်။လောကဓံရဲ့ ဖိနှိပ်မှုကိုများ မခံနိုင်ခဲ့လို့လား။

"ကိုမင်းအိုင် ကားရပ်လိုက် ကျွန်တော်တို့ဆင်းတားရအောင်"

"ဟုတ် ..ဟုတ် ဆရာ"

ကားစက်ကိုအမြန်သတ်လိုက်ပြီး ဆရာတပည့်နှစ်ယောက်ပြေးဆင်းလာခဲ့ကြသည်။ရေစိုသည်ကိုလည်း ဂရုမစိုက်နိုင်ခဲ့ကြပေ။ထိုအမျိုးသမီးငယ်ကပို၍အရေးကြီးသည်လေ။

တိမ်စိုင်ငယ်လိုTempat cerita menjadi hidup. Temukan sekarang