Unicode
"အချစ် ရေခဲမုန့်သွားစားရအောင်"
ဇင်မာပြန်သွားတာနဲ့ ရေခဲမုန့်သွားစားကြဖို့တိမ်စိုင့်ကိုပြောလာသည့်ဂျွန်။ခုလိုအပြင်ထွက်ပြီးမစားရသည်မှာအချိန်အတော်ကြာခဲ့ပြီ။ချစ်သူတွေစဖြစ်ကြတုန်းက ရေခဲချောင်းတစ်ကြိမ်ပဲစားဖူးခြင်းရှိခဲ့သည်လေ။
"ဒီမှာရှိလို့လားကို"
"ကိုယ်တို့ဆီမှာမရှိဘူး ရုံးရဲ့နှစ်တိုက်ကျော်လောက်မှာဆိုင်တစ်ဆိုင်ရှိတယ် အဲ့မှာရောင်းမယ်ထင်တယ်"
ဂျွန်သူစားချင်နေတာရယ်၊ကလေးတွေကိုကျွေးချင်တာရယ်ကြောင့် ရုံးေအာက်ကိုဆင်းပြီးတော့တောင်သွားစားဖို့တိုက်တွန်းသည်။
"ဝူဝူ သားလေးစားချင်လား"
တိမ်စိုင်ကလေးကိုချီလိုက်ပြီး စားချင်စိတ်ရှိမရှိအရင်မေး
ကြည့်တော့ သွားပိုးစားခြင်းကင်းမဲ့နေသေးသည့် ပေါက်စနသွားလေးများဖြင့်ရယ်ပြကာ။"ချော်ဘယ်ရီချားမယ်"
လက်ညှိုးလေးတစ်ချောင်းထောင်လျက် အင်တိုက်အားတိုက်ပင် စားချင်သည့်အရသာကိုသာတန်းဖြေလိုက်သည်။
"ဟုတ်ပြီဗျာ ဖေဖေရေ သားသားကစတော်ဘယ်ရီတဲ့"
"ကျွေးရမှာပေါ့ ဖေ့သားလေးစားချင်တာတွေကော ဟော့ဒီ့ကဖေ့မိန်းမလေးစားချင်တာရော"
ပါးလေးတို့၊ခေါင်းလေးပုတ်နဲ့ ဂျွန်မတအားချစ်ပြနေတာမြင်နေရသည့်ဖြူသွယ်။သူ့ကိုတော့ဘာစားချင်လဲမေးဖော်တောင်မရ။ဒီလိုအတွဲတွေနဲ့သူနေရတာကြာလာပြီ။ယောက်ျားယူချင်စိတ်လည်းဆုံးဆုံးပျောက်နေပြီ။ဖေဖော်ဝါရီလရောက်ပြန်ရင်လည်း ဂျွန်တို့ချောကလက်ခွံ့ကျွေးနေကြတဲ့ပုံတွေမြင်ရသည်။
ထိုတစ်လမှချောကလက်နှင့်အမြင်တစ်မျိုး အပြောင်းအလဲဖြစ်သွားတာပဲရှိသည်။ပုံမှန်နေ့စဉ်နဲ့အမျှ ထမင်းခွံ့ကျွေးနေတာမြင်ရလိုက်၊အချိုတည်းပြန်တော့လည်း အသီးခွံ့ကျွေးလိုက်၊တိမ်စိုင်အအေးသောက်မယ်ဆိုရင်လည်း ခွက်ကလေးကိုင်ပြီးပိုက်ကိုပါးစပ်နားတိုးပေးလိုက်နဲ့ ဘယ်သူ့ရှေ့မှအားမနာ၊ဘယ်နေရာမှမရှောင် ချစ်တတ်လွန်းတာလည်းသူ့အပြင်မရှိ။ကြာလာတော့ဖြူသွယ်အမြင်ကပ်လာသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20