Ep_41

13.6K 1.5K 152
                                    

Unicode

"ကိုယ့်နှလံုးသားရဲ့ပိုင်ရှင်ရာထူး‌ေလးကိုလက်ခံပေးမယ်မလား"

ဂျွန် လက်စွပ်ထည့်ထားတဲ့အနက်ရောင်ကတ္တီပါဘူးလေးကိုကိုင်ပြီး တိမ်စိုင့်ရှေ့ဒူးထောက်ကာ မျှော်လင့်တကြီးနှင့်အဖြေကိုစောင့်စားနေသည်။

"အင်း"

တိမ်စိုင်မျက်‌ေတာင်‌ေလးခတ်ကာ ခေါင်းညိတ်ပြသည်။တွေတွေဝေဝေနဲ့စဉ်းစားနေစရာလည်း မလိုအပ်တော့ပေ။တစ်ခါဝေးပြီးခဲ့ပြီပဲ ဒီတစ်ခေါက်ကိုတော့ နောက်ဆုံးအနေနဲ့ဖမ်းသာချုပ်ပစ်လိုက်‌‌ေတာ့မည်။

"တကယ်လက်ထပ်ပေးမှာနော် တကယ်နော် တကယ်ပြောတာပါနော်"

ဂျွန်ဝမ်းသာအားမြောက်ပြီး သူကြားရတဲ့စကားသံတိုးတိုးလေးကို မသေချာမှာစိုးတာကြောင့် ထပ်ခါထပ်ခါပြန်မေးနေသည်။

"ကျွန်တော်..ကိုနဲ့လက်ထပ်ပါ့မယ်"

"ရက်စ်...ပျော်လိုက်တာအချစ်ရယ် ကိုယ့်ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

ဂျွန် တာဝေးပြေးပွဲမှာအနိုင်ရသွားတဲ့အပြေးသမားတစ်ယောက်လို အဖြေမကြားရသေးခင်တော့ စိတ်ထဲမှာမောပန်းနေပြီး အခုလိုချင်တဲ့အဖြေကိုလည်းရရော စိုးရိမ်မှုတွေအဝေးသို့ထွက်ပြေးကုန်ကာ ပျော်ရွှင်ခြင်းဆုလာဘ်များအားပိုင်ဆိုင်လိုက်ရသလိုပင်။

"ချစ်‌ေမတ္တာ‌ေတွကြားမှာ ကျေးဇူးတင်စကား‌ေတွမလိုအပ်ပါဘူးဗျာ ချစ်ပေးနေရုံနဲ့တင်ကျွန်‌ေတာ့်အတွက်ကလုံလောက်ပါပြီ"

တိမ်စိုင့်ရင်ခုန်သံတွေလည်း တဂျက်ဂျက်မြည်‌ေနတဲ့သန်း‌ေခါင်ယံနာရီလို တစ်ချက်ချင်းတစ်ချက်ချင်း ပီသစွာခုန်မြည်လာသည်။

"အချစ်လက်လေးပေး"

ဂျွန်ဘူးထဲက‌‌ေရွှ‌ေရာင်လက်စွပ်လေးတစ်ကွင်းထုတ်ကာ တိမ်စိုင့်လက်သူကြွယ်တွင် ထိုလက်စွပ်ကလေးကိုစွပ်ပေးလိုက်သည်။ငွေရောင်တလက်လက်တောက်နေသည့် ကျောက်သေးသေးလေးတွေပတ်ကာစီခြယ်ထားသော ရွှေရောင်လက်စွပ်ကလေးမှာ ဖမိုးဖြူဖြူလက်လေးထက်တွင် ညမီးရောင်၏
ပံ့ပိုးမှု‌ေကြာင့် တင့်တယ်သည်ထက်ကိုပို၍တင့်တယ်နေသည်။

တိမ်စိုင်ငယ်လိုWhere stories live. Discover now