Unicode
ဂျွန်ကားကိုလက်တစ်ဖက်နဲ့ထိန်းမောင်းပြီး အာလူးကြော်ထိုင်စားနေသည့်ဘေးခုံကဝူဝူနှင့်တိမ်စိုင့်ကို ခဏခဏကြည့်နေသည်။တိမ်စိုင်အကြာကြီးထိုင်နေရရင်အညောင်းမိမှာကလည်းစိုး၊ဝူဝူလေးအိပ်ချင်တဲ့အခါ တိမ်စိုင်ထိန်းပြီးချီပေးနေရတာကြောင့် လက်နာမှာလည်းစိုးသည်။
"အချစ်အဆင်ပြေရဲ့လား"
"ပြေပါတယ်ကိုရဲ့ ကိုကားအကြာကြီးမမောင်းနိုင်ရင်ကျွန်တော့်ကိုပြောနော် ကျွန်တော်မောင်းပေးမယ်"
ပြင်ဦးလွင်ကိုခရီးသွားတုန်းကဂျွန်အသွားကောအပြန်ကော တစ်ယောက်တည်းပင်ပင်ပန်းပန်းနဲ့မောင်းခဲ့ရတာကြောင့် ဂျွန်ထပ်ပင်ပန်းနေမှာကိုတိမ်စိုင်မလိုလားပေ။
"ရပါတယ် အချစ်မညောင်းဖို့ကအဓိကပဲ အချစ်နဲ့သားလေးနေရတာအဆင်ပြေရင်ရပြီ"
ဂျွန်လည်းတိမ်စိုင်နဲ့ကလေးကိုမပင်ပန်းစေချင်။ရွှေပေါ်မြတင် သက်သက်သာသာနှင့်ကြွကြွရွရွဖြစ်နေတာကိုပဲမြင်ချင်သည်။သူပင်ပန်းတာကအကြောင်းမဟုတ် ကလေးနဲ့တိမ်စိုင့်မျက်နှာမြင်ရရင်ကို နာကျင်သမျှဝေဒနာတွေကအလိုလိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ခြင်းကြောင့်ပေ။
"အာလူးကြော်လေးစား ကိုရေသောက်ချင်သေးလား၊ဖျော်ရည်ရော ကိုနဲ့သားအတွက် အဖေဝယ်ပေးထားတဲ့စတော်ဘယ်ရီတွေကျွန်တော်ဖျော်လာခဲ့သေးတယ်"
တိမ်စိုင်ဝူဝူလေးအာလူးေကြာ်ထဲကနေ ဂျွန်စားဖို့အတွက်နှိုက်ကာခွံ့ကျွေးသည်။နောက်ပြီး တိမ်စိုင်သူကိုယ်တိုင်ကဗိုက်အဆာလွန်နေေပမယ့်လည်း ဂျွန်စားဖို့အတွက်ဂျွန်ဗိုက်ဆာနေမည်ကိုခန့်မှန်းမိတာကြောင့် အနောက်ခန်းကေဖျာ်ရည်ထည့်လာသည့်ခြင်းတောင်းဆီလက်ညွှန်ပြသည်။
"ခဏနေမှသောက်မယ်လေ ကိုယ်တို့မနက်စာမှမစားကြရသေးတာ ကိုယ်ဆိုင်တစ်ဆိုင်ရှာလိုက်အုံးမယ် ရှေ့နားလေးမှာတော့ရှိလောက်မယ်ထင်တယ်"
ဂျွန်ကားမီးပွိုင့်တွင်မီးစိမ်းသည်ကိုစောင့်နေကာ ရှေ့တွင်ကားဝင်ရပ်ပြီး ကလေးတွေကိုမနက်စာကျွေးဖို့အတွက်မှန်ကနေအပြင်ဘက်ဆိုင်တွေကိုစူးစမ်းနေသည်။

YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20