Unicode
ကာရာအိုကေဆိုင်တွင် အာလူးေချာင်းကြော်သာဗိုက်ပေါက်အောင်စားခဲ့ရပြီး မျှော်မှန်းထားသလိုအသံဝင်သည်အထိတော့သီချင်းမဆိုခဲ့ရပေ။လာလမ်းအတိုင်းကားတစ်စီးနှင့် လူခြောက်ယောက် ရန်ဖြစ်အော်ဟစ်ဆူညံသံတစ်ချို့ပျောက်ကွယ်ကာရှိန်နေကြသလိုပေ။
ဗီး..ဗီး..ဗီးးး
"အချစ် ကိုယ့်ဖုန်းလာနေတယ်ကိုင်လိုက်"
ဂျွန်ကားမောင်းနေရသည်မို့ ခါယမ်းကာတုန်ယင်နေသည့်ဖုန်းကိုတိမ်စိုင့်ဆီလက်တစ်ဖက်နှင့်ပေးလာသည်။
"ကို့အလုပ်ကိစ္စဖြစ်နေရင်ဘယ်လိုလုပ်မလဲ ကျွန်တော်ကိုင်လို့အဆင်ပြေပါ့မလား"
"ဘာမှမဖြစ်ပါဘူးကွာ အချစ်ကကိုယ့်မိန်းမပဲ ကြာတယ် ကြာတယ် ဖုန်းကျတော့မယ်အရင်ကိုင်လိုက်"
ဖုန်း screen တွင် ZM ဆိုသည့်နာမည်နှစ်လုံးပေါ်နေသည်။တိမ်စိုင်ဂျွန့်ဖုန်းကိုယခုလိုမကုိင်ဖူးတာေကြာင့် ဖုန်းဖြေရမှာလန့်တော့လန့်မိသည်။စကားအမှားပါသွားခဲ့သည်ရှိသော် လုပ်ငန်းကိစ္စဖြစ်နေခဲ့ရင် ဂျွန်အကြပ်ရိုက်သွားမှာလည်းစိုးမိသည်။သို့သော် ဂျွန်လိုလိုလားလားနှင့်တောင်းဆိုမှုဖြစ်သည့်အတွက် အစိမ်းရောင်အဝိုင်းလေးကိုနှိပ်ကာဖုန်းကိုင်လိုက်သည်။
"ဟယ်လိုဂျွန်လား ငါ ဇင်မာ ငါနင့်ရုံးရောက်နေတယ် မတွေ့ရတာလည်းကြာနေပြီ နင်ဒီမှာမရှိဘူးပြောလို့ အားရင်နင်ဒီကိုလာခဲ့ပါလား၊ လာမယ်မလား နင်လာမယ်ဆိုတာငါသိပါတယ် ဒါပဲနော် ငါစောင့်နေမယ်"
ဂျွန်နှင့်သက်တူရွယ်တူမိန်းကလေးတစ်ယောက်၏အသံ။တိမ်စိုင်ဖုန်းကိုင်ထားသည်ကိုမသိဘဲ ဂျွန်အထင်နှင့်သူလိုရာကိုသာတစ်ခုမကျန်ပြောခဲ့ပြီးဖုန်းချသွားသည်။ထို့ေကြာင့် တိမ်စိုင်ပြောစရာပင်မလိုလိုက်။
"ကို ဇင်မာတဲ့"
"ဇင်မာ သူဘာဖြစ်လို့ဖုန်းဆက်တာလဲ"
"အခုကိုတို့ရုံးမှာရောက်နေတယ်တဲ့ ကိုလာမယ်ဆိုတာသူသိတယ်တဲ့ သူစောင့်နေမယ်လို့ပြောတယ်"
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20