Ep_13

22.4K 2.5K 150
                                    

Unicode

ဂျွန်တို့ဆီကိုစောစောရောက်ဖို့အတွက် အိမ်ကနေမနက်ငါးနာရီထဲကထွက်ပြီး ကားစီးလာရတဲ့တိမ်စိုင်။ဂျွန်တို့အိမ်ကိုမသွားမီ တစ်မှတ်တိုင်အလိုလောက်မှာဆင်းပြီး စာအုပ်ဆိုင်တစ်ဆိုင်ထဲကိုဝင်သွားသည်။ဆိုင်ထဲရောက်တော့ အရင်ဆုံးရှာတဲ့စင်က ကလေးထိန်းနည်းစာအုပ်ရောင်းတဲ့စင်။

လူပျိုနုနုထွတ်ထွတ်က တစ်ခါမှမထိန်းခဲ့ဖူးတဲ့ကလေးတစ်ယောက်ကို ထိန်းရတော့မယ်ဆိုတော့ သိသင့်သိထိုက်တာလေးတွေ လေ့လာလို့ရအောင်ဆိုပြီး လမ်းညွှန်စာအုပ်တစ်အုပ်ဝယ်ဖို့ဆုံးဖြတ်ခဲ့သည်။ပိုက်ဆံဘယ်လောက်ပဲကျကျ လကုန်ရင်လစာရမှာဆိုတော့ ရောင်းအားအကောင်းဆုံးကလေးထိန်းနည်းစာအုပ်ကိုဆွဲယူကာ ငွေရှင်းပြီးထွက်လာခဲ့သည်။

ဝတ်ထားတဲ့ပုဆိုးကတုတ်နေတော့ လမ်းလျှောက်ရတာခြေကိုခပ်စိပ်စိပ်သာလှမ်းနိုင်သည်။ဒီပုဆိုးကသူနဲ့ဆိုအနံကျဉ်းတာကြောင့် ဝတ်ရတာအဆင်မပြေဖြစ်ပေမယ့် တခြားလည်းဝတ်စရာကမရှိ။ငွေကုန်ပေါက်တွေတတ်နိုင်သလောက်ပိတ်ထားရတာဆိုတော့ ဝယ်ဝတ်ဖို့ကလည်းဆန္ဒမရှိ။ဒီလိုချွေးနည်း‌စာတွေဖဲ့သုံးနေရတဲ့တိမ်စိုင်က ကလေးအတွက်ကျတော့ဒါတွေအရေးမစိုက်။

တင်းတောင် တင်းတောင်..

"ဖြူသွယ်ရေ အိမ်ရှေ့မှာဘဲလ်တီးသံကြားတယ် မင်းအိုင်လားမသိဘူးသွားကြည့်လိုက်ပါအုံး"

ခြေမျက်စိထိဖုံးတဲ့စပန့်ဂါဝန်ကားကားကြီးဝတ်ပြီး အိမ်ထဲကနေပြေးထွက်လာတဲ့ဖြူသွယ်။တံခါးကိုဖွင့်ကြည့်လိုက်တော့။

"ဟယ် ကိုကြီးတိမ်စိုင်ပါလားအစောကြီးပဲ သမီးကဦးလေးထင်လို့"

"ကားပိတ်မှာစိုးလို့ ဒီကိုစောစောလာခဲ့တာ"

တံခါးဖွင့်ပေးပြီး အိမ်ထဲကိုအတူဝင်လာကြသည်။တိမ်စိုင်ဆိုဖာပေါ်မှာထိုင်ကာ အိတ်ကိုချလိုက်တော့ ‌အန်တီခင်စကားလာပြောသည်။

"မင်းအိုင်ထင်လို့ကွယ် စောလိုက်တာ ဂျွန်တို့တောင်မနိုးကြသေးဘူး မနက်စာစားပြီးပြီလားသား မစားရသေးရင်တီခင်ပြင်ထားတယ်စားလိုက်ပါလား"

တိမ်စိုင်ငယ်လိုWhere stories live. Discover now