Unicode
ကျေးဇူးတင်လွှာမဟုတ်ဘဲ အမှတ်တရများလို့သာခေါင်းစဉ်တပ်ပါရစေ။ကဲ..အစချီပြီးပြီဆိုတော့ကာ။
ဒီ fic လေးမရေးသေးခင် နွန်းခေါင်းထဲမှာ plot ငါးခုလောက်တန်းစီပြီးရောက်နေတယ်။အဲ့ထဲကမှ ဒီသားအဖသုံးယောက်ကိုမျက်စိစုံမှိတ်အံကြိတ်ပြီးရွေးခဲ့တယ်။ရွေးချယ်မှုမှန်တယ်လို့ပြောရမယ် တကယ်ကိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ထွက်လာခဲ့တယ်။(ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်)
ခေါင်းစဉ် စဉ်းစားတုန်းကဆိုနေ့လည်းမအိပ်နိုင် ညလည်းမအိပ်နိုင်၊ဘာပေးလို့ပေးရမယ်မှန်းမသိနဲ့။နာမည်တွေကျပြန်တော့လည်း သုံးလေးလုံးဆို ကိုယ်ကမမှတ်နိုင်(တစ်ခါတလေကိုယ့်နာမည်ကိုယ်ပြန်မေ့)။အဲ့လိုနဲ့ဆယ်ရက်လောက်လုံးပန်းပြီးသွားတဲ့အချိန်မှာတော့ ဒီကောင်လေးတွေဖြစ်ပေါ်လာခဲ့ပါတယ်။
အစက အချစ်ကိုပဲဖော်ညွှန်းမယ်ဆိုပြီးလုပ်ထားတာ ဒါပေမယ့် အလယ်ရောက်လာတော့ အချစ်ထက်မေတ္တာတရားတွေကပိုပြီးထင်ရှားနေမှန်းသိလာရတယ်။အဲ့တာကြောင့် အချစ်ကိုခဏမေ့ပြီးမေတ္တာဘက်ဆွဲခေါ်လာတော့ အလိုလိုပါပဲအချစ်တွေနောက်ကလိုက်လာတယ်။နွန်းခေါင်းထဲမှာရှိတာတစ်ခုကတော့ အရိုးဆုံးကအဆန်းဆုံး ဆိုတာပဲ။ကိုယ်တိုင်ကလည်း ရိုးရိုးလေးတွေပဲကြိုက်တော့ အဲ့လိုမျိုးပဲေရးဖြစ်တယ်။ရှေ့လျှောက်လည်း အဲ့လိုပဲရေးနေအုံးမယ်။
အရစ်ရှည်နေတာနဲ့လိုရင်းကမရောက်တော့ပြန်ဘူး။အဟမ်း..ကိုမင်းအိုင်နာမည်ပေးဖြစ်တာက နွန်းရဲ့ကလောင်နာမည်က နွန်းအိုင်၊အတိုကောက်ဆိုနွန်းပေါ့နော်။မန်နေဂျာနာမည်ကိုဘယ်လိုပေးရမလဲအသည်းအသန်စဉ်းစားတော့ ရှိပြီးသားနာမည်တွေနဲ့မတူဘဲတစ်ခုထည့်ချင်တာနဲ့ ပါးစပ်ကမင်းဆိုတဲ့တစ်လုံးထွက်လာတယ်။မင်းနဲ့ဘာလိုက်မလဲဆိုပြီး မင်းသူ၊မင်းနိုင် တို့လျှောက်ရွတ်ရင်းနဲ့ နွန်းကေလာင်နာမည်အိုင်ကိုကပ်လိုက်တဲ့အခါ မင်းအိုင်၊မင်းအိုင်နဲ့ခေါ်လို့ကောင်းသွားရော။ဒီဇာတ်လမ်းရဲ့ပါဝင်မှုအများဆုံး၊အသနားခံလေး တို့ကိုမင်းအိုင်ပေါ့နော် XD။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20