Unicode
ဒေါက် ဒေါက် ဒေါက်
တိမ်စိုင်အိပ်မယ်ပြောပြီးတက်သွားတာ ညနေပင်စောင်းတော့မည်မို့ ဂျွန်ဝူဝူ့ကိုဖြူသွယ်တို့နဲ့ထားခဲ့ကာ နှိုးဖို့အတွက်တံခါးခေါက်နေသည်။
"တိမ်စိုင် ကိုယ်ဝင်လာလို့ရလား"
"ဝင်လာခဲ့အကိုကျွန်တော်တံခါးဖွင့်ထားတယ်"
ဂျွန်တံခါးဖွင့်ကာအထဲဝင်လာတော့ အိပ်ရာပေါ်မှာတိမ်စိုင်မရှိ။ဘယ်ကနေအော်ပြောမှန်းမသိတာနဲ့ ပုန်းနေသည်အထင်နှင့်ဂျွန်ခုတင်ေအာက်ကိုငုံ့ကြည့်သည်။အဲ့တာလည်းမေတွ့။
"တိမ်စိုင် မင်းဘယ်ကနေပြောနေတာလဲ"
"ကျွန်တော်ရေချိုးနေလို့အကိုရေ ခုတင်ပေါ်မှာခဏထိုင်ပြီးစောင့်နေပါလား"
အဲ့ဒီတော့မှ ရေချိုးခန်းထဲကရေကျသံကြားရသည်။
"အေးအေးဆေးဆေးသာချိုး ကိုယ်ထိုင်စောင့်နေမယ်"
ဂျွန်ခုတင်ပေါ်မှာထိုင်ပြီးမျက်စိမှိတ်ကာ ရေပန်းကနေကျလာတဲ့ရေသံတတောက်တောက်ကို တေးသီချင်းတစ်ပုဒ်၊ဆည်းလည်းသံတစ်ခုအနေနှင့် စီးမြောခံစားနေသည်။
"အကိုဘာလုပ်ဖို့လာတာလဲဗျ"
စိုနေတဲ့ခေါင်းကရေကိုသုတ်ရင်း ရေချိုးခန်းအပေါက်ဝမှာရပ်နေသည်။တိမ်စိုင်ခန္ဓာကိုယ်အောက်ပိုင်းကိုတဘတ်ပတ်ထားပြီး အပေါ်ပိုင်းကိုကိုယ်သုတ်ဝတ်နှင့်လည်ပင်းမှသိုင်းကာပတ်ထားသည်။ဂျွန်ခုတင်ပေါ်မှာငုတ်တုတ်မေ့နေကာ တစ်ယောက်တည်းအာကာသထဲလွင့်နေသလုိ တိမ်စိုင်ပြောတာမကြား။
"အကို..အကိုရေ..အကို!"
ဂျွန့်အရှေ့တွင်ရပ်ကာ ပခုံးကိုကိုင်လှုပ်လိုက်မှ။
"ဟင်..ဟင် ဘာလဲတိမ်စိုင်"
"ဘာလုပ်ဖို့လာတာလဲလို့မေးနေတာ အကို့စိတ်တွေဘယ်ရောက်နေတာလဲ"
တိမ်စိုင်ရဲ့ဝမ်းဗိုက်နဲ့ ဂျွန့်မျက်နှာနဲ့က တန်းနေသည်။ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သူများကြည့်မှာစိုးလို့အဝတ်ကွယ်ခိုင်းထားတုန်းအကောင်း ခုသူ့အလှည့်လည်းကျရော ခိုင်းစရာတောင်မလို ဗိုက်သားဖြူဖြူကိုတဘတ်နဲ့လံုေအာင်ကွယ်ထားသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20