Unicode
အန်တီခင်က အသက်အရွယ်ရနေပြီဆိုတော့ ကလေးနောက်ကိုတကောက်ကောက်လိုက်ပြီး မထိန်းနိုင်တော့ေပ။ဖြူသွယ်လေးကလည်း ဆယ်တန်းဆိုတော့ သူ့မှာအိမ်အလုပ်လုပ်ရတာနဲ့ စာကျက်ရတာနဲ့ ကလေးကိုမနိုင်မနင်းထိန်းနေရသည်။ဖြူသွယ်ကဝူဝူနဲ့တော့တည့်သည်။
"အန်တီခင်၊ ဖြူသွယ် ဒီကိုခဏလာပါအုံး"
ဂျွန်အော်ခေါ်တော့ နောက်ဖေးကနေ ြဖူသွယ်တို့နှစ်ယောက်ကမန်းကတန်းနှင့် ပြေးထွက်လာကြသည်။
"ဂျွန်ပြန်တောင်ရောက်ပြီလား တီခင်တို့ကိုဘာခိုင်းစရာရှိလို့လဲ"
"ကိုကြီးဂျွန် သမီးကိုရောဘာခိုင်းစရာရှိလို့လဲ"
အသက် ငါးဆယ်အရွယ်လောက်ရှိသောအမျိုးသမီးတစ်ဦးနှင့်ဖြူသွယ် ဂျွန့်ရှေ့မှာမတ်တပ်လာရပ်သည်။
တစ်နေကုန်နောက်ဖေးမှာဟင်းချက်ရင်း ဝူဝူ့ကိုထိန်းေနကြသည်။ မီးဖိုချောင်မှာအလုပ်ရှုပ်နေကြတော့ ကလေးအိမ်ရှေ့ဘက်ထွက်လာသည်ကို မရိပ်မိခဲ့ကြဘူးထင်ပါရဲ့။ဂျွန့်ကားသံကိုမကြားမိကြတော့ ရောက်နေမှန်းတောင်မသိ ဂျွန်ခေါ်မှ ကလေးကိုသတိရပြီး အလန့်တကြားနဲ့ထွက်လာကြသည်။
"အထွေအထူးတော့မဟုတ်ပါဘူး ကျွန်တော့်သားလေးကို ဆံပင်ညှပ်ခိုင်းမလို့ အရင်တစ်ခါလည်းအန်တီခင်တို့ပဲ ညှပ်ပေးကြတာလေ ကျွန်တော်လည်းမညှပ်တတ်တော့"
ဂျွန်ပြုံးပြပြီးပြောနေတာကြောင့် အန်တီခင်နဲ့ဖြူသွယ်တို့မငြင်းရဲကြပေ။အဲ့တာမှ ဒုက္ခလှလှကိုတွေ့တာ။အရင်တစ်ခေါက်ညှပ်တာက ရှည်ထွက်နေတဲ့နောက်ဆံပင်တစ်လက်မလောက်လေးကိုဖြစ်သည်။ခုကျတော့ တစ်ခေါင်းလုံးကိုညှပ်ပေးရမည်။ဆံပင်ညှပ်တဲ့သူမှမဟုတ်တာ ဘယ်လိုလုပ်ညှပ်တတ်ကြမည်နည်း။
ဂျွန်ကတော့ စိတ်ချနေတဲ့ရုပ်နဲ့ ဖြူသွယ်တို့ကို ဝူဝူ့ခေါင်းတစ်ခေါင်းလုံးပုံအပ်လိုက်သည်။အန်တီခင်နဲ့ဖြူသွယ်ကတော့ နွေလယ်ခေါင်မှာမိုးကြိုးပစ်ခံလိုက်ရသလို မျက်နှာတွေမှုန်ကုတ်ပြီး ကြံရာမရဖြစ်ကာ တံတွေးတွေသာမြိုချနေကြသည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20