Unicode
"ဟယ်ညီမ မတွေ့ရတာကြာပြီနော် အလည်ရောက်လာတာလား"
ဒေါ်လေးတို့ဈေးသွားကြရင်း အိမ်ရာထဲက အိမ်နီးချင်းတစ်ချို့နှင့်တွေ့တော့ ဒေါ်လေးကိုလှမ်းခေါ်ကြသည်။
"ဟုတ်တယ် တူလေးကိုေတွ့ချင်လို့ ဒီကိုပြန်လာတာ"
ဒေါ်လေးခေါက်ပိုက်ဆံအိတ်တစ်လုံးအား လက်နှစ်ဖက်ဖြင့်ကိုင်ထားကာ ခန္ဓာကိုယ်ပုပုလုံးလုံးအမျိုးသမီးနှစ်ယောက်နှင့်စကားပြောနေသည်။
"ကလေးလေးတောင်ကြီးလာပြီပဲ"
"ဟုတ်တယ်အစ်မရယ် ကလေးတွေကထွားတာမြန်တယ်လေ"
ဒေါ်လေးနဲ့ဂျွန်နဲ့က အဆက်အသွယ်ပြတ်နေကြတာကြာပြီဆိုတော့ ဂျွန်တို့ခရီးသွားနေတဲ့အချိန် ဒေါ်လေးနဲ့အဖေဒီကိုရောက်လာမှပဲ ဝူဝူလေးရှိမှန်းသိခဲ့ကြရသည်။အန်တီခင်တို့ ဂျွန်ကလေးကိုဘယ်လိုမွေးစားဖြစ်ခဲ့တဲ့အကြောင်းပြောပြတော့မှ ဒေါ်လေးတို့လည်းသိခဲ့ရသည်။
"ဒါနဲ့ အခုတစ်လောသတင်းတွေကြားမိတာ အိမ်ကိုကောင်လေးတစ်ယောက်ရောက်နေတယ်ဆို"
ရပ်ကွက်ထဲကလူတွေဆိုတော့လည်း ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ တစ်ယောက်စကားကတစ်ယောက်နားထဲရောက်သွားတာနဲ့ အမျိုးမျိုးအဖုံဖုံ အစအနတွေထွက်လာကြတော့ အဆန်းမဟုတ်တော့ပေ။
"အဲ့တာ သားလေးရဲ့ကောင်လေးလေ"
"ဟယ် ဟုတ်လား ထင်တောင်မထင်ရဘူးနော်"
ပါတိတ်ဝမ်းဆက်အနီေရာင်နှင့်အမျိုးသမီး ဒေါ်လေးရဲ့စကားကိုကြားတော့ နှာခေါင်းတစ်ချက်ရှုံ့သွားသည်။
"ဘာလို့မထင်ရတာလဲ အစ်မရဲ့"
ဒေါ်လေး မျက်နှာတစ်ချက်မပျက်ဘဲအပြုံးနှင့်သာမေးလိုက်သည်။
"အော်..ဒီလိုမျိုးရုပ်ရှိငွေလျှံတဲ့ဂျွန့်လိုကောင်လေးတစ်ယောက်က အဲ့လိုကောင်လေးမျိုးနဲ့တွဲတာထူးဆန်းသလားလို့လေ ဒီလောက်ကမ္ဘာပေါ်မှာမိန်းကလေးတွေအများကြီးရှိနေပါရဲ့နဲ့ ယောက်ျားအချင်းချင်းကြီးဘာလို့ကြိုက်ကြလဲမသိပါဘူး"
![](https://img.wattpad.com/cover/239117263-288-k4249.jpg)
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20