Unicode
အငိုတိတ်သွားတဲ့ဝူဝူ့ကိုချီပြီး တိမ်စိုင်အောက်ထပ်ဆင်းလာကာ ဂျွန့်ကိုလိုက်ရှာနေသည်။ဧည့်ခန်းထဲမှာလည်းမတွေ့တာနဲ့ နောက်ဖေးရောက်နေမလားဆိုပြီးဝင်လာတော့ ဖြူသွယ်တို့အော်သံတွေကြားနေရသည်။
"ဦးလေးးးးးးး"
ဖြူသွယ်အိမ်သာတံခါးရှေ့မှာ ခြေထောက်နှစ်ချောင်းကိုလိမ်နေအောင်ကျစ်ပြီးရပ်နေကာ လက်သီးဆုပ်လျက်တံခါးကိုတဒုန်းဒုန်းထုနေသည်။
"ဟေ...ဘာလဲ"
အိမ်သာထဲကနေ ကိုမင်းအိုင်ပြန်အော်သည်။
"မထွက်သေးဘူးလား ဒီမှာကိစ္စကထိပ်ဝရောက်နေပြီ မြန်မြန်ထွက်ပါတော့"
"မရဘူးဖြူသွယ်ရေ ငါလည်းကိစ္စကထိပ်ဝမှာတစ်နေလို့ မထွက်နိုင်သေးဘူး တခြားနေရာသွားဟာ"
မနေ့က စားထားသမျှဟာေတွမနက်ကျမှ အကျိုးအာနိသင်တွေခံစားနေရသည်။တစ်ရှူးလိပ်ကိုရင်မှာပိုက်ပြီး ဘိုထိုင်အိမ်သာပေါ်မှာကိစ္စဖြေရှင်းနေတဲ့ကိုမင်းအိုင် ပန်းကမ္ဘာထဲလည်ပတ်နေရတာ ဒီတစ်ခါအိမ်သာဝင်တာနဲ့ဆိုလေးခါမြောက်ဖြစ်နေပြီ။
"ဖြူသွယ် ညီမလေးတို့ဘာဖြစ်နေကြတာလဲ"
တိမ်စိုင်ကလေးကိုချီလျက် အတွင်းနဲ့အပြင်အော်နေကြတဲ့နှစ်ယောက်ဆီကိုရောက်လာသည်။
"ဝမ်းသွားနေတာကိုကြီးရေ အတော်ပဲကိုကြီးအောက်ထပ်ရောက်နေပြီဆိုတော့ ဖြူသွယ်ကိုကြီးအခန်းထဲကအိမ်သာထဲဝင်လိုက်လို့ရတယ်မလားဟင်"
"ရတယ်ညီမလေး"
လိမ်ကျစ်လိမ်ကျစ်နဲ့ ဖြူသွယ်မျက်နှာရှုံ့တွနေပြီး အပေါ်ထပ်ကိုအမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီးတက်သွားသည်။
တိမ်စိုင်ဂျွန့်ကိုနောက်ဖေးမှာလှည့်ပတ်ရှာသော်လည်းမတွေ့ပေ။ထို့ကြောင့် အိမ်ရှေ့ထွက်လာခဲ့ကာခြံထဲဆင်းရှာတော့မှ ဂျွန်စံပယ်ပင်နားမှာရပ်ပြီး ဖုန်းပြောနေတာတွေ့သည်။အလုပ်ကိစ္စဖြစ်နေမည်စိုးတာကြောင့် ဂျွန့်ဆီမသွားတော့ဘဲ တိမ်စိုင်ဒန်းပေါ်မှာထိုင်စောင့်နေသည်။

أنت تقرأ
တိမ်စိုင်ငယ်လို
عاطفيةငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20